ဘီယာက အလှအပရေးရာအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ ယုံရခက် မယုံရခက်ပဲ့နော်။ ကျန်းမာရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး အလွန်အကျွံမသောက်ဖို့တားမြစ်ထားတဲ့ဘီယာကမှ အသားအရေကြည်လင်ဝင်းပလာစေဖို့ အထောက်အကူပြုတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားဆိုတာ သံသယဝင်မိကြမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဘီယာက သင့်အသားအရေအတွက်သာမက ဆံနွယ်လေးတွေအတွက်ပါ တကယ့်ကိုကောင်းမွန်တဲ့ သဘာဝလက်ဆောင်တစ်ခုပဲ့ဖြစ်ပါတယ်။

ကဲ..ဘီယာကို အလှအပရေးရာအတွက် ဘယ်လိုအသုံးပြုရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

ဘီယာနဲ့ ဒိန်ချဉ်

ဘီယာနဲ့ ဒိန်ချဉ်အရောအနှောက အသားအရေကိုပြန်လည် တင်းရင်းလာစေပြီး ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပါတယ်။ ဘီယာ (၅) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်းနဲ့ ကြက်ဥအကာတို့ကိုရောပြီး မျက်နှာပေါ် Brush လေးနဲ့လိမ်းပေးပါ။ မိနစ် (၃၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ ဒါကိုတော့ တစ်ပတ် (၁) ခါလောက်ပဲ လုပ်ပေးပါ။

ဆံပင်အရှည်မြန်စေတယ်

ပရိုတင်းဓာတ်နဲ့ အန်တီအောင်ဆီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဘီယာက သင့်ဆံပင်တွေက အရင်းကနေပြီး ကျန်းမာသန်စွမ်းလာစေနိုင်ပါတယ်။ ဆံပင်ခြောက်တာနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း ကင်းဝေးစေပြီး အရှည်မြန်ကာ ဆံသားတောက်ပလာစေနိုင်ပါတယ်။

ပထမဆုံးခေါင်းလျှော်ပြီးရင် ဘီယာ (၅၀) ml လောက်ကို Spray ဘူးထဲထည့်ပြီး ဆံပင်မှာဖြန်းပေးပါ။ (၁၀) မိနစ်လောက်ထားပြီး ရေနွေးအများကြီးနဲ့ ပြန်ဆေးချပေးပါ။ နောက်ဆုံးမှာတော့ အနံ့မကျန်စေဖို့ ပျော့ဆေးပြန်သုံးပေးပါ။ အနည်းဆုံး (၁) ပတ် (၃) ခါလောက်တော့ လုပ်ပေးပါ။

နို့နဲ့ ဘီယာ

နို့နဲ့ ဘီယာအရောအနှောကတော့ ဗောက်နဲ့ ဒက်တို့ကိုပျောက်ကင်းစေပြီး မွဲခြောက်နေတဲ့ဆံသားတွေကိုပါ ပြန်လည်တောက်ပလာစေပါတယ်။ နို့ (၂) ဇွန်းနဲ့ ဘီယာ (၂) ဇွန်းကိုရောပြီး ဦးရေပြားနဲ့ ဆံသားတွေမှာ သုတ်လိမ်းထားပေးပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ပဲ ရေပြန်ဆေးချပေးပါ။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးရပါမယ်။

ဘီယာနဲ့ စတော်ဘယ်ရီ

ဘီယာနဲ့ စတော်ဘယ်ရီကတော့ Exfoliate လုပ်ဖို့သုံးရမှာပါ။ ဘီယာ (၁) ဇွန်းနဲ့ စတော်ဘယ်ရီသီး (၃) လုံးကို မျက်နှာပေါ် Exfoliate လုပ်လို့ရတဲ့အနေအထားထိရောမွှေပေးပါ။ (၅-၁၀) မိနစ်လောက်ပွတ်ပေးပြီးရင်တော့ (၁၅) မိနစ်လောက်မျက်နှာပေါ် ဒီတိုင်းထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့မျက်နှာသစ်ပေးပြီး တိုနာသုံး Moisturizer ပြန်လိမ်းပေးပါ။ တစ်ပတ် (၂) ကြိမ်လောင်တော့ ပုံမှတ်ပြုလုပ်ပေးဖို့ လိုပါမယ်။