လက်ထဲမှာ ပိုက်ဆံကို ရှိရင် ရှိသလောက် သုံးတတ်အကျင့်ကြောင့် ဒုက္ခရောက်သွားတဲ့ အပေါင်းအသင်းတွေ မြင်ဖူးကြမှာပါ။ ဒီထဲမှာ ကိုယ်ပါသလား ပြန်မေးကြည့်သင့်တယ်လို့ ထင်ပါတယ်။ ငွေကို စုစုဆောင်းဆောင်း ခြိုးခြိုးခြံခြံ သုံးစွဲတဲ့သူတွေဟာ အများအမြင်မှာ ကပ်စေးနှဲတဲ့သူတွေလို့ အထင်ခံရနိုင်ပါတယ်။ ဒါပေမယ့် ငွေစုတတ်တဲ့ အကျင့်ရှိသူတွေဟာ တစ်ခြားသူတွေနဲ့ မရနိုင်တဲ့ အခုလိုအကျိုးတွေလည်း ရနိုင်ပါတယ်။

(၁) စည်းကမ်းရှိလာတယ်

Photo : Shutterstock

ပိုက်ဆံစုခြင်းဟာ ငွေတင် စည်းကမ်းထားတာမျိုး မဟုတ်ဘဲ ဟိုဟာမြင်ရင် ဝယ်ချင်လိုက် ၊ ဒီဟာလေးလည်း လိုချင်လိုက်ဆိုတဲ့ စိတ်ဆိုးစိတ်ညစ်ကိုပါ စည်းကမ်းလိုက်ထားရတာပါ။ ဒီနည်းနဲ့ စည်းကမ်းပိုကောင်းလာနိုင်ပါတယ်။ စည်းကမ်းရှိခြင်းလောက် အဖိုးတန်တဲ့ အရည်အချင်းမျိုးက ရှားပါတယ်။

(၂) ဂုဏ်သိက္ခာရှိတယ်

Photo : Shutterstock

ငွေစုထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စိတ်လုံပါတယ်။ လက်ထဲမှာ ပိုက်ဆံရှိထားရင် မျက်နှာအငယ်ခံပြီး သူများဆီ ပိုက်ဆံချေးစရာလည်း မလိုတာကြောင့် ရင်ကော့ပြီး နေလို့ရပါတယ်။ သိက္ခာရှိရှိ နေနိုင်ခြင်းဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုပဲမလား။

(၃) ပျော်ရွှင်ရတယ်

Photo : Shutterstock

အရေးအကြောင်းအတွက် ကိုယ့်မှာ ငွေရှိတဲ့နောက် နောင်ရေးကို စိတ်အေးလက်အေးနဲ့ ကျော်ဖြတ်နိုင်ပါပြီ။ မျှော်လင့်ချက်လေးတွေ ၊ စိတ်ကူးလေးတွေ ရှိရင် အကောင်အထည်ဖော်နိုင်ပါပြီ။ အနာဂါတ်အတွက် စိတ်အေးရပြီဆိုရင် တွေးလိုက်တိုင်း ပျော်ရပါတယ်။