လူတစ်ယောက်ကလိမ်နေတာလာ (သို့) အမှန်ပြောနေတာလာဆိုတာကို သူတို့ရဲ့ body language ကနေတဆင့် (၉၀) ရာခိုင်နှုန်းခန့် သိရလေ့ရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။ လူတစ်ယောက်စကားပြောနေချိန်မှာ သူရဲ့အသံအနေအထား နဲ့ ခန္ဓာကိုယ်အနေအထား တွေကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွမ်းကျင်သူတွေ ပြောပြထားတဲ့ အချိန်ခဏအတွင်းမှာ လိမ်နေတာကို ဖော်ထုတ်နိုင်မယ့်နည်းလေးတွေကို ဖော်ပြပေးသွားမှာပါ။

(၁) နှုတ်ခမ်းတွေကို ကိုက်မယ်၊ လျှာဖြင့်လျက်မယ်

Photo : Stars Insider

လိမ်ရမယ့်လူတွေဟာ ခံတွင်းခြောက်သွားလေ့ရှိတာကြောင့် စကားပြောတဲ့နေရာမှာ အခက်အခဲရှိတက်ကြပါတယ်။ လိမ်ရတော့မယ်ဆိုပြီး ဖိအားတွေများလာတဲ့အချိန်မှာ autonomic လို့ခေါ်တဲ့ အာရုံကြောစနစ်က တံတွေးထုတ်လုပ်မှု လျှော့ကျသွားပါတယ်။ ဒီအချိန်မှာ လူလိမ်တွေကို ရေတစ်ခွတ်တိုက်ကြည့်လိုက်ပါ။ တစ်ခါတည်း ကုန်စင်အောင် သောက်ပါလိမ့်မယ်။

(၂) မျက်လုံးတွေကျယ်လာမယ်

Photo : Dreamstime

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ လူလိမ်တွေဟာ မျက်လုံးချင်းဆုံအောင် အကြာကြီးကြည့်မနေနိုင်ဘူးလို့ သိရပါတယ်။ အကယ်၍ လူတစ်ယောက်က သင့်ကိုလိမ်နေမယ် (သို့) သူတို့ပြောတာကို သင့်ကိုယုံကြည်စေချင်တယ်ဆိုရင် သူတို့ရဲ့မျက်လုံးတွေဟာ ပုံမှန်ထက်ကျယ်လာပြီး သင့်ရဲ့မျက်လုံးကို ကြည့်ပါလိမ့်မယ်။ ဒါက သူတို့ကို ယုံကြည်လို့ရတဲ့ပုံပေါ်အောင် လုပ်နေခြင်းပါပဲ။ ဒါပေမယ့် အကြာကြီးမကြည့်နိုင်ပါဘူး။ တကယ်လို့ သင်ကသူတို့မျက်လုံးကို စိုက်ကြည့်လိုက်ရင် သူတို့ မျက်နှာလွဲဖို့ ကြိုးစားပါလိမ့်မယ်။

(၃) သင့်ကိုလက်ညိုးထိုးမယ်

Photo : LinkedIn

တစ်စုံတစ်ယောက်ကို လက်ညိုးထိုးပြီး ပြောဆိုခြင်းဟာ ရန်လိုတဲ့အပြုအမူတစ်ခုအဖြစ် သက်မှတ်ထားကြတယ်။ အကယ်၍ လူတစ်ယောက်က သင့်ရဲ့မေးခွန်းတွေကို ဖြေနေတဲ့အချိန်မှာ သင့်ကိုလက်ညိုးထိုးပြီး ပြောနေမယ်ဆိုရင် ဒါဟာသူတို့ကိုယ်သူတို့ ကာကွယ်နေခြင်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းက လူလိမ်တွေတော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။

(၄) အင်္ကျီကော်လာကိုဆွဲမယ်၊ လည်ပင်းကိုထိကိုင်မယ်

Photo : Body Language Central

လည်ပင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အမြင်သာဆုံးနေရာတနေရာဖြစ်ပါတယ်။ အန္တရာယ်နဲ့ကြုံလာတာဖြစ်ဖြစ် တခုခုစဉ်းစားရခက်နေတာ ဖြစ်ဖြစ် လူတော်တော်များများဟာ အင်္ကျီကော်လာကို ဆွဲတက်ကြပါတယ်။ ဒီကိုယ်ဟန်အမူအရာက လူတွေ အနေရခက်တဲ့အချိန်မှာ ပြုလုပ်လေ့ ရှိပါတယ်။ နောက်ထပ်သိသာတဲ့ အမူအရာကတော့ လည်ပင်းကိုလက်ဖြင့် ပွတ်နေခြင်းပါပဲ။ ဒီအမူအရာက “ငါမသေချာဘူး၊ မင်းပြောသလိုပဲ” ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

(၅) ပြင်ဆင်နေမယ်

Photo : Xotkari

ဒီအမူအရာက အမျိုးသမီးတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သူတို့တွေဟာ သက်သောင့်သက်သာမရှိတဲ့ မေးခွန်းတွေကို ဖြေရတဲ့အချိန်မှာ ဆံပင်ကိုကစားတာ (သို့) မျက်လုံးမှာ ခြယ်သထားတဲ့ အရာတွေကို ပြင်ဆင်တာ စသဖြင့်လုပ်လေ့ရှိပါတယ်။ ဒါက သူတို့ကို လုံခြုံတယ်လို့ ခံစားရစေပြီး အဖြူရောင်မုသာတွေ ပြောတဲ့အချိန်မှာလည်း ယုံကြည်မှုရှိတယ်လို့ ခံစားရစေပါတယ်။