ခေါင်းစည်းနေရလို့ ဆံပင်ကို အမျိုးမျိုးပြင်ချင်လို့ ရုံးသွားနောက်ကျမှာမျိုးကို စိတ်ပူစရာမလိုပါဘူး။ သင့်ဆံကေသာကို အလန်းစားဖြစ်စေမယ့် ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ဖဲပြားပုံ ဆံပင်စတိုင်လ်ရဖို့

ဆံပင်အရမ်းရှည်နေတဲ့သူတွေနဲ့ဆိုရင် အဆင်မပြေဘူးနော်။ ဆံပင်မတိုမရှည်ဆိုရင်တော့ အဆင်ပိုပြေမယ်။ အခုပုံမှာပြထားသလို ဆံပင်ကို ထိတ်မှာ ဖောင်းဖောင်းလေးစည်းပြီး အလည်ကနေနှစ်ခြမ်းခြမ်းလုက်ပါ။ ပြီးရင် ကျန်တဲ့ ဆံပင်ကို စုပြီး ကလစ်နဲ့ အခုလို ထိုးပေးလိုက်ပါ။

၂။ ဆံပင်ကိုဒီလိုစည်းမယ်

အရင်ဆုံး ဆံပင်ကို ၃ ပုံ ၂ ပုံလောက်စည်းလိုက်ပါ။ ပြီးရင် စပရေးလေးဖြန်းပေးလိုက်ပါ။ ပြီးရင် ဆံပင်နည်းနည်းချင်းဆီကိုယူပြီး အခုလိုမျိုး ကလစ်နဲ့ ညှပ်ညှပ်ပေးပါ။ ဆံပင်တွေအားလုံးကုန်သွားတဲ့ထိ တဖက်ဆီကိုလုပ်ပေးရပါမယ်။

၃။ နှစ်ဖက်ခွဲပြီး လန်းလန်းလေးစည်းရအောင်

ဆံပင်နှစ်ဖက်ခွဲပြီးစည်းတာပေမယ့် တခြားသူတွေနဲ့ မတူဘဲ အခုလို ပုံစံမျိုး စတန့်ထွင်ပြီးစည်းလို့ရတယ်နော်။

၄။ ကလစ်နဲ့ ဆံပင်ကို ဒီလိုတွယ်မယ်

ဆံပင်ကို ဖောင်းဖောင်းလေးယူပြီး နဖူးအပြောင်သိမ်းကာ အခုလိုပဲ ကလစ်တွယ်လိုက်ပါ။ အချိန်လည်းမကုန်သလု လှလည်းလှတယ်နော်။

၅။ ဆံပင်ကောက်မယ်

အရင်ဆုံး ဆံပင်ကို ကျစ်ဆံမြီးကျစ်လိုက်ပါ။ ပြီးရင် စပရေးနည်းနည်းဖြန်းပြီး ဆံပင်အပူပေးစက်နဲ့ အခုလို ဖိပေးလိုက်ပါ။