မင်္ဂလာပါနော်။ ဖိလစ်ပိုင်ဇာတ်လမ်းတွဲကြည့်သူတွေကတော့ မျက်ခုံးထူထူလေးနဲ့ သရုပ်ဆောင်ကောင်းတဲ့ ကလေးသရုပ်ဆောင်လေး Andrea ကိုမျက်မှန်းတန်းမိကြမယ်ထင်ပါတယ်။ ၁၀ နှစ်သမီးအရွယ်ကတည်းက ဇာတ်လမ်းတွဲတွေမှာ ပါဝင်လာခဲ့ပြီး ၂၀၁၈ ခုနှစ်က သူမပါဝင်ခဲ့တဲ့ “The Heiress” ဇာတ်လမ်းတွဲကတစ်ဆင့် မြန်မာပရိသတ်တွေကြား နာမည်ကြီးလာသူပါ။

မျက်စိရှေ့တင် အရွယ်လာပြီဖြစ်တဲ့ သူမဟာ လက်ရှိမှာ ကြော်ငြာမော်ဒယ်နဲ့ လူငယ်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေသလို ၁၉ နှစ်အရွယ်နဲ့ ကိုယ်ပိုင် Business တစ်ခုတည်ထောင်နိုင်တဲ့ အငယ်ဆုံး Celebrity CEO တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


သွက်သွက်လက်လက်နေတတ်တဲ့သူမဟာ မိန်းကလေး Cele ပီပီ အလှအပပိုင်းကိုလည်း ငယ်ငယ်ကတည်းက ဂရုတစိုက် ပြင်ဆင်လေ့ရှိသူပါ။ မိတ်ကပ်နဲ့ ဆံပင်ပုံစံတွေကိုလည်း Trend နဲ့အညီ ချစ်စရာကောင်းအောင် ပြောင်းလဲတတ်တာမို့ သူမရဲ့ Hairstyle တွေက ဆံပင်ပုံပြောင်းချင်တဲ့ လူငယ်ကောင်မလေးတွေ နမူနာယူဖို့ ကွက်တိပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ Andrea ရဲ့ ချစ်စရာကောင်းတဲ့ Hairstyle လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ထွေထွေထူးထူးပြင်စရာမလိုဘဲ ချစ်ဖို့ကောင်းတဲ့ ဘီးကုပ်လေးတွေ


ငယ်ရုပ်မပျောက်ဘဲ လှနေမယ့် ကလစ်အကြီးလေးတွေ


၅ မိနစ်အတွင်း ပုံစံပြောင်းသွားစေမယ့် တစ်ဝက်စည်း တစ်ဝက်ချဆံပင်

BLACKPINK အဖွဲ့ဝင် Jennie ပုံစံ Money Piece Highlight ဆံပင်စတိုင်လေး


အရုပ်လေးလို ချစ်စရာကောင်းစေမယ့် လှိုင်းတွန့်ကောက်ညီညီလေး


ရာသီဥတုပူတဲ့နေ့တွေနဲ့ သင့်တော်မယ့် ဆံထုံးအသေးလေးကိုမှ ဆံစလေးတွေချထားတဲ့ပုံစံ


လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ဆံပင်အတိုလေး

Photo Source: Pinterest, cosmo.ph

By MyStyle Myanmar