အားလုံးပဲ မင်္ဂလာပါနော်။ ပုဇွန်ဆီရောင်ဖြာနေတဲ့ နေဝင်ဆည်းဆာချိန်က ဓာတ်ပုံရိုက်လို့အကောင်းဆုံး အချိန်တစ်ခုပါနော်။ နေရောင်ဖြာဖြာလေး မျက်နှာပေါ်ထိုးနေတဲ့အချိန်က မျက်နှာလေးပိုလင်းပြီး သဘာဝအတိုင်း Glow သွားတတ်တာမို့ ဒီလိုအချိန်ရွေးပြီး ဓာတ်ပုံရိုက်တာက ပုံထွက်လည်းပိုလှပါတယ်။ ဒါကြောင့်မို့ ပျိုမေတို့အတွက် နေဝင်ချိန်နဲ့အတူ ဓာတ်ပုံလှလှလေးတွေဖန်တီးဖို့ နမူနာယူနိုင်မယ့် Pose အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဓာတ်ပုံရိုက်ရတာကြိုက်တယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်-
နေရောင်ဘက် မျက်နှာမော့ပြီး မျက်လွှာချထားတဲ့ ပုံစံလေးနေကြည့်ပါနော်။ မျက်နှာလေးဝင်းပြီး စိတ်ကူးယဉ်ဆန်ဆန် ဓာတ်ပုံလေးရစေပါတယ်။
နေထိုးတဲ့နေရာမှာထိုင်ပြီး မေးလေးထောက်ထားပါနော်။ မျက်နှာကျလေးပေါ်ကာ လုံးဝဆွဲဆောင်မှုရှိစေမှာပါ။
ကမ်းခြေသွားရင်း ဓာတ်ပုံရိုက်မယ်ဆို နေဝင်ချိန်က အလှဆုံးပါပဲ။ ပင်လယ်ကမ်းခြေနောက်ခံထားရင်း ဒီလို ပေါ့ပေ့ါပါးပါး Pose လေး ပေးကြည့်လိုက်ပါ။
ကမ်းခြေမှာ အနားယူနေရင်း Pose ဆန်းဆန်းရိုက်ချင်ရင် သင်ကိုယ်တိုင် နေဝင်ချိန်လေး မှတ်တမ်းတင်နေတဲ့ပုံစံကိုမှ နောက်ကနေ လှမ်းရိုက်ထားတဲ့ ရှုထောင့်လေး ရိုက်ကြည့်သင့်ပါတယ်။
ကားထဲကနေ နေရောင်ဖြားနေတဲ့အခြမ်းမှာထိုင်ရင်း ကင်မရာဘက်ကြည့်နေတဲ့ပုံစံလေးကလည်း သင့်ကို လုံးဝအထာကျစေမှာပါ။
ဒူးနှစ်ဖက်ကို ခပ်စောင်းစောင်းလေးထောင်ကာ ဆံပင်လေးသပ်ရင်း နေထိုးတဲ့နေရာလေး ထိုင်ရင်းရိုက်တဲ့ Pose လေးကလည်း အရမ်းဆွဲဆောင်မှုရှိပါတယ်။
နေကာနေတဲ့ Pose ကလည်း ဘယ်တော့မှမရိုးဘဲ တစ်မျိုးဆန်းတာသလို ဓာတ်ပုံရိုက်တိုင်း လက်ကို ဘယ်မှာထားရမှန်းမသိတဲ့သူတွေအတွက်လည်း ကွက်တိပါပဲ။
နေရောင်ဘက်မျက်နှာလေးမူရင်း ဆံပင်စည်းနေတဲ့ပုံစံလေးရိုက်ကြည့်ပါနော်။ ဆံပင်ဆိုးထားတဲ့သူတွေဆိုရင် ဒီလို Pose ကိုမှ အနီးကပ်ရိုက်လိုက်တာနဲ့ အရောင်လေးပိုထင်းသွားစေမှာပါ။
အနီးကပ်ပုံလေးတွေရိုက်မယ်ဆိုရင်တော့ နေရောင်အောက်က Mirror Selfie သို့မဟုတ် ပုံမှာပြထားတဲ့ Pose လေးတွေ Try ကြည့်လိုက်ပါ။
By MyStyle Myanmar