အသားနည်းနည်းညိုတဲ့သူတွေက မိတ်ကပ်ကိုအများကြီးပြင်တာထက်စာရင် နည်းနည်းလေးပြင်တာမျိုး၊ အနောက်တိုင်းဆန်တဲ့ မိတ်ကပ် ပြင်ဆင်ပုံမျိုးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိစေပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် Sun Kissed Makeup Look လေးတွေက အရမ်းခေတ်စားလာပါတယ်။ အဲ့ဒီ Makeup Look ကလည်း အသားနည်းနည်းညိုတဲ့သူတွေနဲ့ လိုက်ဖက်တာကြောင့် Sun Kissed Makeup Look ပြင်နည်း၊ လိမ်းနည်းကို တစ်ဆင့်ချင်းစီပုံတွေနဲ့ ပြောပြပေးလိုက်ပါတယ်။

အရင်ဆုံးမိတ်ကပ်လိမ်းတော့မယ်ဆိုရင် Toner. Moisturizer, Sunscreen, Primer ကို လိမ်းပေးရပါမယ်။

အဲ့အဆင့်တွေလိမ်းပြီးရင်တော့ Concealer နဲ့ မျက်ကွင်းနေရာ၊ အခြားအသားအရောင်မညီတဲ့နေရာ၊ အမဲစက်ရှိတဲ့နေရာတွေကို ဖုံးပေးပါ။

အသားညိုပေမယ့် အသားအရေအရမ်းကောင်းနေရင် Foundation မလိမ်းလို့ရပါတယ်။ လိမ်းချင်တယ်ဆိုရင်တော့ ပါးပါးလေးပဲ လိမ်းပေးပါ။

ရွှေရောင် Glow Liquid Highlight ကို လက်ပေါ်တင်ပြီး Beush နဲ့ယူပါ။ ပြီးရင် အဲ့ Brush နဲ့ပဲ Contouring Stick ကို သွားပွတ်ယူပြီး နဖူး၊ မေးရိုးတောက်လျှောက်နဲ့ ပါးရိုးနေရာလေးတွေကို Blend လုပ်ပေးပါ။

ပါးနီ Cream Type ကို လက်နဲ့ယူပြီး နှာခေါင်းအလယ်နဲ့ ပါးနေရာလေးကို တောက်လျှောက်ပုတ်ပြီးခြယ်ပေးပပါ။

အညိုရောင် Eyeshadow ကိုယူပြီး မျက်ခွံပေါ်မှာခြယ်ပေးပါ။ ပါးပါးလေးပဲ ခြယ်ပေးပါ။

မျက်တောင်ကော့တဲ့အတံလေးနဲ့ကော့ပြီး Mascara နဲ့ နည်းနည်းကော့ပေးပါ။ အရမ်းထူနေအောင် မလုပ်ပါနဲ့။

Eyeliner ကို Gel (သို့) အနက်ရောင် Eyeshadow ကိုသုံးပြီး တစ်ကြောင်းထဲ ပါးပါးလေးဆွဲပေးပါ။ Liquid Eyeliner လုံးဝမသုံးပါနဲ့။

ရွှေရောင် Highligher ကိုယူပြီး မျက်လုံးအရှေ့ထောင့်နားလေးတွေကို ခြယ်ပေးပါ။

မျက်ခုံးမွှေးဆွဲရင် အနက်ရောင်နဲ့ပဲ ဆွဲပေးပါ။

အညိုရောင် Eyeshadow (သို့) Contouring Stick နဲ့ နှာတံဖော်ပေးပါ။

ရွှေရောင် Highligher ကိုယူပြီး နားထင်နား၊ ပါးရိုးနားလေးတွေကို ခြယ်ပေးပါ။ မျက်ခုံးနား၊ နှာတံ၊ မေးစိနဲ့ အပေါ်နှုတ်ခမ်းအပေါ်ကိုလည်း ခြယ်ပေးဖို့ မမေ့ပါနဲ့။ ဒါမှ Glow နေမှာပါ။

Sun Kissed Makeup Look ဖြစ်တဲ့အတွက် Eyeliner အညိုကိုသုံးပြီး ပါးနီသုံးထားတဲ့နေရာလေးတွေမှာ အစက်လေးတွေ လိုက်ချပေးပါမယ်။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကို အနီရောင်ဘက်သွားတဲ့အရောင်လေး ဆိုးပေးပါမယ်။ အသားညိုတဲ့သူတွေက နှုတ်ခမ်းနီအနီရောင်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ဒါဆိုရင်တော့ အသားနည်းနည်းညိုတဲ့သူတွေနဲ့လိုက်ဖက်တဲ့ Sun Kissed Makeup Look ပြင်နည်း ပြီးသွားပါပြီ။

Source: www.haleykim