မင်္ဂလာပါ ပျိုမေတို့ရေ။ မြန်မာမိန်းကလေးအများစုရဲ့အသားအရေက အရမ်းဖြူတာထက် ခပ်ဝင်းဝင်း နဲ့ Warm Tone ဘက်သွားတာမို့ အသားရောင်ဘက်သမ်းတဲ့ Makeup Look တွေနဲ့ပိုလိုက်ပါတယ်။ Latte မိတ်ကပ် Look ဆိုတာကတော့ လတ်တလော အာရှသူတွေကြား ခေတ်စားနေတဲ့အပြင် နေရောင်အောက်ရောက် နေသလို ညိုစိမ့်စိမ့်နဲ့ Glow နေမယ့် Look လေးပါ။ ဒီ Look က အသားလတ်တဲ့ (သို့) အသားညိုတဲ့ အာရှသူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ အခုတစ်ခေါက်ပြောပြပေးမယ့် Latte Makeup Look လေးက Foundation လိမ်းစရာမလိုတာမို့ ထသွားထလာ နေ့တိုင်းလိမ်းဖို့အဆင်ပြေသလို သဘာဝဆန်ဆန်လေး Glow နေအောင် ကူညီပေးမှာပါ။ ဒီတော့ ပြင်ကြည့်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် ပြင်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်ရအောင်နော်-

ပထမဆုံး Foundation မသုံးတဲ့အတွက် Color Correcter နဲ့ အသားရောင်မညီတဲ့နေရာတွေလိုက်ညှိပါမယ်။ များသောအားဖြင့် မျက်ကွင်းညိုတဲ့နေရာနဲ့ နှုတ်ခမ်းတစ်ဝိုက်နေရာတွေကို အသားပေးပြီး အရောင်ညှိပေးပါ။


ပြီးရင်တော့ Concealer သုံးရပါမယ်။ ကိုယ်သုံးနေကျ Concealer ကို လက်မှာဖြန့်ပြီး မျက်ကွင်းနှစ်ဖက်၊ နှာခေါင်း၊ နဖူး၊ ပါးစောင်နဲ့ အမည်းစက်ရှိတဲ့နေရာတွေမှာ အရောင်ညီပြီးလင်းသွားအောင် ဖြည့်လိမ်းပေးပါ။


ပါးရိုးနဲ့ မေးရိုးထောင့်တွေအတွက် Cream Bronzer အညိုလေးသုံးပါမယ်နော်။ မျက်နှာက Warm Tone အရောင်လေးပိုပေါ်သွားမှာပါ။


Bronzer နဲ့အတူ ပါးနီအရည်ကိုပါ ပုဇွန်ဆီ (သို့မဟုတ်) Peach အရောင်သမ်းတာလေးရွေးပြီး တစ်ခါတည်း ဆိုးပေးလိုက်ပါ။


Powder လိမ်းရမယ့်အဆင့်ဖြစ်ပါတယ်။ Powder ကို မိတ်ကပ်တို့ပတ်နဲ့ ပုတ်လိမ်းတာထက် Brush လေးနဲ့ပဲ ယူပြီး အဆီပြန်တတ်တဲ့နေရာတွေ မိတ်ကပ်မညီတဲ့နေရာတွေပေါ် လိမ်းပေးပါ။

Eyeshadow အတွက် အညိုရောင်အောက်ခံထားပြီး မျက်ခွံတစ်ပြင်လုံးကို အရင်ခြယ်ပါမယ်။


ခြယ်ပြီးတဲ့အခါ Eyeshadow ကိုမှ အနက်ရောင်လေးယူပြီး Liner ဆိုးသလို ဘေးအကော့လေး ဆွဲပေးလိုက်ပါ။


ပြီးတဲ့အခါ Eyelinerနဲ့ လိုတဲ့နေရာလေးတွေ ထင်းသွားအောင် ဆိုးလိုက်ရုံပါပဲ။


Eyeshadow နောက်တစ်ထပ် ထပ်ခြယ်ပါမယ်။ ကာလာကိုတော့ အညိုအနုနဲ့ အရင့်ပေါင်းပြီး မျက်ခွံအစွန်းလေးတွေမှာ ဖြည့်ဆိုးပေးပါ။ ပြီးတဲ့အခါ အပေါ်မျက်ခွံအလည်နဲ့ မျက်လုံးထောင့်မှာ Glitter အဖြူလေး ပေါင်းဆိုးလိုက်ပါ။


မျက်ခုံးကိုတော့ အညိုအရင့်လေး ဆိုးပေးပါနော်။ Pencil နဲ့ပဲ မျက်ခုံးစွန်းကို ခပ်ပါးပါးဆိုးပြီး Brow Gel Brush လေးနဲ့ကော့နေအောင် ဖြီးပေးလိုက်ပါ။ Mascara နဲ့အပေါ်အောက် မျက်တောင်ကော့ပေးဖို့လည်း မမေ့ပါနဲ့နော်။

မျက်လုံးအတွက် နောက်ဆုံးအဆင့်အနေနဲ့ Eyeshadow အညိုရင့်နဲ့ Glitter အညိုလေးနှစ်ရောင်ရောပြီး မျက်ခွံရှေ့စွန်း၊ နောက်စွန်းတွေမှာ Smokey Eye ပုံစံလေး လိုက်ခြယ်ပေးပါမယ်နော်။

ဒီလိုလေး ထည့်ပြီးရင်တော့ သင့်ရဲ့ Eye Makeup လေးပြည့်စုံသွားပါပြီ။


Powder Bronzer လေးသုံးပြီး ပါးနဲ့ မေးရိုးက အရောင်ကို ထပ်ညှိပေးပါ။ ပြီးရင်တော့ Blush အရောင်နုလေးကို Liquid Highlighter လေးပေါင်းပြီး ပါးနှစ်ဖက် Glow ပြီး ပြောင်လဲ့လဲ့လေးဖြစ်အောင် ထပ်ခြယ်ပေးလိုက်ပါ။


နှာတံနဲ့ မေးစေ့အစွန်းလေးတွေမှာပါ Highlight နည်းနည်းထည့်ဆိုးရပါမယ်။ နှာတံဘေးဘက်လေးတွေ ပေါ်သွားအောင် Contour Brush လေးနဲ့ဆွဲပေးပါနော်။


နှုတ်ခမ်းလေးကိုတော့ ပန်းမိတ်ကပ်ရောင် Lip Liner လေးနဲ့ပုံဖော်ပေးပါမယ်။ ပြီးရင်တော့ ဖူးဖူးစိုစိုလေးဖြစ်သွားအောင် အပေါ်က Gloss ထပ်ဆိုးလိုက်ရုံပါပဲ။


ဒါဆိုရင်တော့ ညိုညိုစိုစိုလေးနဲ့ Natural ဆန်ဆန် လှနေမယ့် Latte Makeup Look လေးကို ရရှိသွားပါပြီ။

Source: Youtube.com