မျက်နှာလေး ပုံမှန်ထက်ပိုပြီး နုပျိုတဲ့ပုံစံလေးဖြစ်သွားပြီး နွေရာသီနဲ့လည်းလိုက်ဖက်တဲ့ မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
အရင်ဆုံး မိတ်ကပ်မလိမ်းခင်မှာ မျက်လုံးအရင်ပြင်မှာဖြစ်လို့ မျက်ခွံကို ကိုယ်လိမ်းမယ့်မိတ်ကပ် (သို့) concealer ကို လိမ်းပေးပါ။
Eyeshadow လိမ္မော်ရောင်အနုလေးကို မျက်ခွံမှာခြယ်ပါမယ်။
ပန်းရောင် eyeshadow ကို မျက်ရစ်လိုင်းနေရာလေးမှာ eyeliner ဆွဲသလိုမျိုး ခြယ်ပါမယ်။ မျက်လုံးအောက်ကိုလည်း တစ်ကြောင်းဆွဲပါမယ်။
ရွှေရောင် glitter လေးကို မျက်လုံးအောက်နားမှာ ထပ်ခြယ်ပါမယ်။ မျက်ခွံမှာလည်း ခြယ်ပါမယ်။
Eyeshadow လိမ္မော်ရောင်အနုလေးကို glitter ခြယ်ထားတဲ့အပေါ်မှာ နည်းနည်းလေးထပ်ခြယ်ပေးပါ။
Mascara နဲ့မျက်တောင်ကော့ပါမယ်။
မျက်ခုံးမွှေးဆွဲဖို့အတွက် အရင်ဆုံး brush နဲ့ မျက်ခုံးမွှေးကို အရင်ဖြီးပေးပါ။ ပြီးမှ ပုံသွင်းပြီး နည်းနည်းလိုက်ဖြည့်ပေးပါ။ ဒီလိုဆွဲတာက ပိုပြီး natural ဆန်ပါတယ်။
မျက်လုံးလည်းခြယ်လို့ပြီးပြီဆိုတော့ foundation စလိမ်းလို့ရပါပြီ။
Foundation လိမ်းပြီးရင် မိတ်ကပ်သားသိပ်သိပ်လေးနဲ့ ပိုလှသွားအောင် powder ပုပ်ပါမယ်။
ပါးနီကို လိမ္မော်ရောင်ဖျော့ဖျော့လေး ခြယ်ပေးပါ။ ပါးပါးလေးပဲခြယ်ပေးပါ။
နှာတံဖော်ပြီး highlighter ခြယ်ပါမယ်။
နှုတ်ခမ်းနီကို peach အရောင်လေးပဲဆိုးပေးပါ။ ပိုပြီးလူငယ်ဆန်သွားအောင် lip gloss လေးထပ်ဆိုးပေးပါ။
ဒါဆိုရင်တော့ နုပျိုတဲ့ပုံစံလေးဖြစ်သွားပြီး နွေရာသီနဲ့လည်းလိုက်ဖက်တဲ့ မိတ်ကပ် look လေးကို ရရှိသွားပါပြီ။