လူငယ်ကောင်မလေးတွေအတွက် ပူပြင်းတဲ့နွေရာသီနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းနေစေမယ့် စကပ်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

တီရှပ်အပွလေးတွေကို စကပ်အဖြူအတိုလေးတွေနဲ့ တွဲဝတ်လိုက်ရင် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ နွေရာသီဖက်ရှင်ပါ။

ဂျင်းစကပ်ကိုမှ ဒူးဖုံးလေးတွေဆိုလည်း အခုနောက်ပိုင်း ပြန်ခေတ်စားနေတာဆိုတော့ ဒီလိုဂျင်းစကပ်လေးတွေကို ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ရင် ဖက်ရှင်ကျေနေမှာပါ။

စကပ်အရှည်လေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်တာမျိုးက နွေရာသီဖက်ရှင်ပါပဲ။

မိန်းကလေးဆန်တဲ့ ဒူးဖုံးစကပ်အကားလေးတွေကို ချစ်စရာကောင်းတဲ့ Shoulder Off လေးတွေနဲ့ တွဲဝတ်တာက နွေရာသီနဲ့လိုက်ဖက်ပြီး လှပတဲ့ဖက်ရှင်လေးပါ။

စကပ်အကွက်လေးတွေကလည်း ခေတ်စားနေတာဆိုတော့ လူငယ်ကောင်မလေးတွေဆိုရင် တီရှပ်အပွလေးတွေနဲ့ တွဲဝတ်လို့ရတာပေါ့။

စကပ်အတိုအကားလေးတွေ ဝတ်မယ်ဆိုရင်တော့ ကိုယ်ကျပ်အင်္ကျီလေးတွေ၊ Crop Top အကျပ်လေးတွေနဲ့သာ တွဲဝတ်ပါ။

Photo Source: www.pinterest.com