နွေရာသီမှာ မိတ်ကပ်ပြင်ရင် အများကြီးမဖြစ်ပဲ ပုံမှန်လေးနဲ့ natural look ဘက်သွားတဲ့ပုံစံမျိုးပြင်တာက ပိုပြီးလိုက်ဖက်ပါတယ်။ ဒါကြောင့် နွေရာသီအတွက် ပေါ့ပါးမှုရှိစေမယ့် makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
အရင်ဆုံးကိုယ်လိမ်းနေကျမိတ်ကပ်ကို အရင်ထက်နည်းနည်းလျှော့ပြီး လိမ်းပေးပါ။ ပြီးရင် နွေရာသီဆိုတော့ ပုံမှန်ထက်ပိုပြီး အဆီပြန်တဲ့အတွက် powder ပုပ်ပေးပါ။
နှာတံလေးပေါ်သွားအောင် နှာတံဖော်ပေးပြီး မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ natural look လေးဆွဲပေးပါ။ အရမ်းထူပြီးထင်းနေတာမျိုးဖြစ်အောင် မဆွဲပါနဲ့။
မျက်လုံးခြယ်ဖို့အတွက် peach eyeshadow အရောင်လေးကို မျက်ခွံပေါ်မှာခြယ်ပါမယ်။ မျက်လုံးအောက်နားလေးမှာလည်း ခြယ်ပါမယ်။
Eyeshadow အညိုလေးကိုယူပြီး eyeliner ဆွဲသလိုလေး မျက်လုံးအနောက်နားမှာပဲ ဆွဲပေးပါ။ ပြီးမှ brush နဲ့ blend လုပ်ပါမယ်။ ဒါမှ မျက်လုံးလေးကပိုထင်းပြီး လှသွားမှာပါ။
မျက်တောင်ကော့တဲ့ eyelash curler လေးနဲ့ အရင်ကော့ပြီးမှ mascara နဲ့ကော့ပေးပါ။
နွေရာသီနဲ့အလိုက်ဖက်ဆုံး ပါးနီအရောင်ကတော့ peach အရောင်ပါပဲ။ ဒါကြောင့် ပါးနီကို peach အရောင်လေး ခြယ်ပါမယ်။
နှာတံ၊ ပါးရိုးနေရာ၊ မေးစိနဲ့ နှာခေါင်းဘေးနား မျက်လုံးအောက်နားလေးကို ပုံမှာပြထားတဲ့အတိုင်း highlighter ခြယ်ပေးပါ။
နှုတ်ခမ်းနီကို peach နဲ့ အညိုရောင်စပ်ထားတဲ့ အရောင်မျိုးလေးဆိုးပေးပါ။ အတွင်းသားကိုဆိုးပြီး အပြင်ဘက်ကို blend လုပ်ပေးပါ။ ဒါဆိုရင် ပိုပြီးလှပါတယ်။
ဒီလောက်ဆိုရင်တော့ နွေရာသီအတွက် ပေါ့ပါးမှုရှိပြီး လှလည်းလှတဲ့ makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။








