နွေရာသီက ရောက်လာတော့လည်း ပူလွန်းတယ်လို့ ခံစားရပြီး နေမင်းကြီးကို မုန်းရမလိုလိုပါပဲ။ ဒါပေမဲ့ တကယ်လည်း မိုးရွာတဲ့အချိန်ရောက်ရော နေမင်းကြီးကို မျှော်တတ်ကြပြန်ပါတယ်။ နွေရာသီက ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ အားလပ်ရက်၊ ငယ်ရွယ်ခြင်း၊ ပေါ့ပါးမှုစတာတွေကို ဖော်ညွှန်းနေတဲ့ ရာသီဥတု ဖြစ်ပါတယ်။ ဒီရာသီဥတုနဲ့အတူ ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း နွေရာသီ အဓိပ္ပာယ်လိုပဲ ပေါ့ပေါ့ပါးပါး Pose လေးတွေ ဖြစ်သင့်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ပူအိုက်တဲ့ ရာသီဥတုနဲ့ သဟဇာတကျကျ လိုက်ဖက်စွာ ပေးနိုင်မယ့် ပို့စ်ပေးနည်း အိုင်ဒီယာတွေကို ဖော်ပြလိုက်ပါတယ်။

ကောင်းကင်ကို နောက်ခံထားပြီး ဘေးစောင်းပို့စ်လေး

နေပူလွန်းတဲ့အချိန် ဒါမျိုးလေး ချစ်စရာကောင်းအောင် ပို့စ်ပေးနိုင်ပါတယ်။

နွေရာသီကို ကိုယ်စားပြုတဲ့ နေကာမျက်မှန်နဲ့အတူ လူငယ်ဆန်ဆန် ပို့စ်

နေပူလွန်းလို့ မျက်လုံးမဖွင့်ချင်တော့တဲ့သူတွေအတွက်

ဆံပင်ပုံကျနေမှ ဓာတ်ပုံလှလှလေး ရတာ မဟုတ်ပါဘူး။ နေကာပေးမယ့် ဦးထုပ်လေးဆောင်းပြီး ထိုင်လျက် ပို့စ်လေးကလည်း ချစ်ဖို့ ကောင်းလွန်းပါတယ်။

ကမ်းခြေဘက် ရောက်ခဲ့မယ်ဆိုရင်တော့ လက်ဗလာ ပို့စ်မပေးဘဲ အအေးတစ်ခွက် လက်က ကိုင်လိုက်ပါ။ သင့်ပုံကို ကြည့်တဲ့သူပါ ရင်အေးသွားပါလိမ့်မယ်။

နွေရာသီနဲ့ လိုက်ဖက်တဲ့ အဝါရောင် အင်္ကျီလက်ပြတ်ဖက်ရှင်နဲ့အတူ ပေါ့ပေါ့ပါးပါး ရယ်နေတာကလည်း နွေရာသီ Photo Idea ပါပဲ။

နွေရာသီရဲ့ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း အပင်တွေနဲ့အတူ

နွေရာသီမှာ ပွင့်တတ်တဲ့ ပန်းတွေကို နောက်ခံထားတာကလည်း သင့်အလှကို ပိုအမြင်ဆန်းစေပါတယ်။

လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါး ပို့စ်

Photo Source: Pinterest

By MyStyle Myanmar