အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် နွေရာသီမှာ ရှိထားသင့်တဲ့ Accessories တွေကို ပြောပြပေးလိုက်ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့အချိန်အခါနဲ့သူ လိုက်ဖက်ပြီး ဖက်ရှင်ကျကျနဲ့ လှပနေဖို့ဆိုရင်တော့ Accessories လေးတွေကလည်း မရှိမဖြစ် အရေးပါတဲ့အရာတွေပါပဲနော်။

နေကာမျက်မှန်

နွေရာသီအတွက် အရေးအကြီးဆုံး Accessories ကတော့ နေကာမျက်မှန်ပါပဲ။ မျက်လုံးကိုမထိခိုက်အောင်၊ မျက်လုံးနားတစ်ဝိုက် အသားအရေကို မထိခိုက်အောင် အပြင်သွားတိုင်းမှာ နေကာမျက်မှန်တပ်ပါ။ ပိုပြီးတော့လည်း ဖက်ရှင်ကျစေပါတယ်။

ဦးထုပ်

နွေရာသီအတွက် နောက်ထပ်အရေးကြီးတဲ့ Accessories ကတော့ ဦးထုပ်ဖြစ်ပါတယ်။ နွေရာသီမှာ ဦးထုပ်ကို အမျိုးမျိုးဆောင်းလို့ရပါတယ်။

Red Lipstick

နွေရာသီမှာ နှုတ်ခမ်းနီ အနီရဲရဲလေးဆိုးထားရင် ကြည့်လိုက်တာနဲ့ထင်းပြီး Active ဖြစ်တဲ့ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိပြီး လှနေမှာပါ။

Knot Headband

Knot Headband လေးတွေကလည်း နွေရာသီနဲ့လိုက်ဖက်တဲ့ Accessories တစ်မျိုးပဲဖြစ်ပါတယ်။ ဆံပင်ကို အမျိုးမျိုးပြင်ရတာကြိုက်ရင်တော့ ရှိထားသင့်ပါတယ်။

Hair Clips

ရောင်စုံ Hair Clips လေးတွေကို တပ်ပြီးပြင်ဆင်တဲ့ ဆံပင်ပုံစံလေးနဲ့ဆိုရင် ချစ်ဖို့ကောင်းနေမှာပါ။ နွေရာသီနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

Belt Bag

နွေရာသီမှာ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဖက်ရှင်မျိုးလေးတွေက အကောင်းဆုံးပါ။ ဒါကြောင့်လည်း အိတ်ဆိုရင် Belt Bag လေးတွေက အရမ်းအဆင်ပြေပါတယ်။ စတိုင်လ်လည်းမိုက်စေပါတယ်။

Wicker Bag

Wicker Bag လေးတွေက နွေရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ အိတ်လေးတွေပါ။ တချို့ဆိုရင် ပုဂံသွားရင် ဒီလိုအိတ်လေးတွေကို တကူးတကရှာဝယ်ပြီးတောင် လွယ်ကြတာ၊ ကိုင်ကြတာပါ။ ဒါကြောင့် တစ်လုံးလောက်တော့ ရှိထားသင့်ပါတယ်။