နေပူတဲ့ ရက်တွေက စိတ်အိုက်လှသလို ချွေးထွက်ရင်လည်း ဘယ်လိုမှ နေရတာ အဆင်မပြေပါဘူး။ ကိုယ်ဝတ်တဲ့ အဝတ်အစားကို အတတ်နိုင်ဆုံး ပါးပါးလေးနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်နေဖို့ နေပူတဲ့ ရက်တွေမှာ အာရုံစိုက်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေပူတဲ့ ရက်နဲ့ လိုက်ဖက်တဲ့အပြင် လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်နိုင်စေမယ့် ဖက်ရှင် ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။

၁။ အင်္ကျီလက်ပြတ်

အင်္ကျီလက်ပြတ်ကိုမှ ဗြောင်မဟုတ်ဘဲ Pattern လေးတွေ ပါတာက တခမ်းတနားကြီး မဖြစ်ဘဲ ပေါ့ပေါ့ပါးပါး ဖြစ်နေစေပါတယ်။

၂။ အင်္ကျီအဖြူ

အင်္ကျီအဖြူကိုမှ လက်ဖောင်းလေးနဲ့ ချစ်ဖို့ ကောင်းတဲ့ ဝတ်ဆင်ပုံနဲ့အတူ စကပ် အနက်၊ ဖိနပ် အဖြူတို့ကို တွဲဖက်လိုက်တဲ့အခါ ချစ်ဖို့ ကောင်းသွားစေမှာပါ။

၃။ Floral Dress

Floral Dress အတိုလေးတွေက နွေရာသီ နေပူတဲ့ အချိန်နဲ့ လိုက်ဖက်သလို ဓာတ်ပုံရိုက်ရင်လည်း လှပါတယ်။

၄။ လူငယ်ဆန်ဆန် အရောင်တွဲစပ်ချင်ရင်

ဘောင်းဘီပန်းရောင် အပွနဲ့အတူ အဖြူရောင် ရှပ်လက်တိုကလည်း နေပူတဲ့အချိန်နဲ့ သင့်တော်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေစေပါတယ်။

၅။ Pattern

Pattern ပါတဲ့ စကပ်၊ အင်္ကျီလက်ပြတ် စတဲ့ အဝတ်အစားတွေက နေပူတဲ့ အချိန်နဲ့ လိုက်ဖက်ပြီး သိပ်အားမစိုက်ရတဲ့ ဖက်ရှင်ပါ။

၆။ ဝမ်းဆက်

အပေါ်နဲ့ အောက် တဆက်တည်း ပေါ့ပေါ့ပါးပါး ဝတ်စုံတွေကလည်း နေပူတဲ့အချိန်မှာ ဝတ်သင့်ပြီး အပြင်သွားတဲ့အခါ စတိုင်ကျကျနဲ့ လှပါတယ်။

၇။ ဂါဝန်အပြာ

ဂါဝန်အပြာ လက်တို ကလည်း နေပူတဲ့အချိန်နဲ့ လိုက်ဖက်ပြီး အပူမစုပ်တာကြောင့် ပေါ့ပေါ့ပါးပါး နဲ့ လှနေစေမှာပါ။

၈။ ဂါဝန်

ဂါဝန်ကိုမှ အပြာရင့်ရောင်က မိန်းကလေးဆန်စေပြီး ပေါ့ပေါ့ပါးပါး ဖြစ်ချင်ရင် ဒီဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။

၉။ စပန့်ဘောင်းဘီ

စပန့်ဘောင်းဘီအပွက ဝတ်တတ်မယ်ဆိုရင် အပြင်သွားတဲ့အချိန်မှာတောင် ပေါ့ပေါ့ပါးပါး ဝတ်သွားနိုင်ပါတယ်။

၁၀။ ဘောင်းဘီတို အဖြူ

ဘောင်းဘီတိုအဖြူက ပူအိုက်တဲ့အချိန်နဲ့ သင့်တော်ပါတယ်။ အပေါ်ထပ် အပြာရောင်လွင်လွင်လေးနဲ့ တွဲဝတ်နိုင်ပါတယ်။

၁၁။ အင်္ကျီလက်တို

အင်္ကျီလက်ပြတ် လက်တိုလေးတွေကို ဂျင်းဘောင်းဘီအပြာနဲ့ ပေါ့ပေါ့ပါးပါး တွဲဖက်နိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar