ရာသီဥတု ပူလွန်းတဲ့နေ့တွေမှာ ဆံပင်ရှည်တွေကို လှနေဖို့ ရည်ရွယ်ချက်နဲ့တောင် ထားချင်စိတ် မရှိတော့လောက်အောင် သင် ခံစားဖူးမှာပါ။ နွေနေပူပူ ဒုက္ခအပေးဆုံး ဆံပင်ပုံစံ ကတော့ ဆံပင်ချထားတဲ့ စတိုင်ပါ။ သင်က ပူတဲ့နေ့တွေမှာ အကြာကြီး ဆံပင်ချထားချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နွေရာသီနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ကို ထားနိုင်ဖို့ သင် လေ့လာသင့်ပါတယ်။ ဒီတော့ Summer Hairstyle တွေကို ကြည့်လိုက်ရအောင်နော်-

၁။ ဆံပင်အဖောင်းလေး

ဆံပင်ကို နှစ်ဘက်ခွဲပြီးနောက် ကြိုးသေးသေးလေးနဲ့ အလုံးလေးတွေ လိုက်စည်းပေးရပါမယ်။ ဒီပုံစံက မရိုးသွားဘဲ လူငယ်ဆန်စေပါတယ်။

၂။ ဆံပင်အမြင့်

ဆံပင်အမြင့် စည်းပြီးနောက် ဆံပင်ခွဲကြောင်းကို ဘေးဘက်ပြောင်းကာ ကလစ်လေးနဲ့ ညှပ်နိုင်ပါတယ်။

၃။ Low Bun

ဆံပင်ကို နှိမ့်ပြီး ထုံးတာက သိပ်မခက်တဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။ ကိုးရီးယားမလေးတွေပါ အထုံးများတဲ့ စတိုင်ပါ။

၄။ ခေါင်းစည်းကြိုးလှလှလေးနဲ့

သာမန် ဆံပင်စည်းတာက သင့်အတွက် ရိုးလွန်းတယ် ထင်ရင် အင်္ကျီနဲ့ အရောင်ဟပ်နေဖို့ အရောင်ဆင်တူတဲ့ ခေါင်းစည်းကြိုး လှလှလေးတွေ စုထားသင့်ပါတယ်။

၅။ High Bun

ဆံပင်အမြင့်ထုံးတဲ့ Bun စတိုင်ကတော့ နွေရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။

၆။ Claw Clip

Claw Clip Hairstyle က ပြန်နေရာရလာတဲ့ ဆံပင်စတိုင် ဖြစ်ပြီး နွေရာသီနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။

၇။ Space Bun

နှစ်ဘက်ကို ဆံထုံးတစ်ဘက်စီ ထုံးတဲ့ စတိုင်က High Bun လိုပဲ ပေါ့ပါးကာ သင့်ကို နေရတာ သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

၈။ ဆံထုံး

လုံးဝ အပြောင် ဆံထုံးထုံးတဲ့ စတိုင်ကို သင်အနှစ်သက်ဆုံး ဖြစ်မှာပါ။ သင့်ကို မျက်နှာရှင်းရှင်းလေးနဲ့ ပိုလှစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar