ပူပြင်းတဲ့နွေရာသီကို ရောက်လာပြီဆိုရင် ဆံပင်ညှပ်ပစ်ချင်စိတ်တွေ ပေါက်လာလောက်အောင် စိတ်ရှုပ်တတ်ကြပါတယ်။ တချို့ကျတော့ ဆံပင်လုံးဝမညှပ်ချင်လို့ ပူတာကို စိတ်ရှုပ်နေရတာပေါ့။ ဒါကြောင့် ဆံပင်ရှည်တဲ့ကောင်မလေးတွေအတွက် နွေရာသီမှာ အပူအအိုက်သက်သာအောင် ပြင်ဆင်ဖို့ Hairstyle Idea တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီ Hairstyle လေးဆိုရင် ဂုတ်ရှင်းပြီး ပူအိုက်တာ သက်သာစေသလို ဖက်ရှင်တော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။

လူငယ်ကောင်မလေးတွေအတွက် အထာကျကျလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ဒီ Hairstyle လေးကလည်း နွေရာသီအတွက် အရမ်းအဆင်ပြေပါတယ်။

ဖဲကြိုးလေးတွေနဲ့ ဆံပင်ချည်တာ ခေတ်စားနေတာဆိုတော့ နွေရာသီမှာဆိုရင် ဒီလိုလေး ပြင်ကြည့်နော်။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဆံပင်ကို အကုန်သိမ်းထားတာမျိုး လုပ်ချင်တယ်ဆိုရင် ကလစ်နဲ့လှန်တင်တာမျိုးတွေက ရိုးနေပြီဆိုတော့ ဒီ Hairstyle လေး ပြောင်းလုပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်ရှည်တဲ့ကောင်မေးလတွေအတွက် ပူအိုက်တာ သက်သာပြီး လှပနေစေမယ့် Hairstyle လေးပါ။

ဒီ Hairstyle လေးဆိုလည်း လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ပုဝါလေးပါညှပ်ပြီး ကျစ်ထားတဲ့ ဒီ Hairstyle လေးကတော့ နွေရာသီအတွက် ကွတ်တိပါပဲ။ ကပိုကယိုလေးနဲ့ လှနေစေမယ့် Hairstyle လေးပါ။

ဆံပင်ကို ကလစ်နဲ့လှန်တင်တာမျိုးတွေ၊ ဆံထုံးအမြင့်ထုံးတာလေးတွေက ရိုးနေပြီဆိုတော့ ဆံထိုးလေးနဲ့ ဒီလိုလေးပြင်ဆင်ကြည့်နော်။ ဂုတ်ရှင်းသွားလို့ ပူအိုက်တာသက်သာပြီး လှပနေမှာပါ။

ပုံစံအသစ်အဆန်းလေး ပြင်ဆင်ချင်ရင် ဒီ Hairstyle လေးကို ပြင်ဆင်ကြည့်နော်။ လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဆံပင်ရှည်တဲ့ကောင်မလေးတွေအတွက် အရမ်းလှတဲ့ Hairstyle လေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာ ပြင်ဆင်လို့ကောင်းတဲ့ Hairstyle လေးလည်း ဖြစ်ပါတယ်။