မင်္ဂလာပါ ပျိုမေတို့ရေ။ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ ပန်းပွင့်အဆင် Outfit လေးတွေက ကြည့်လိုက်တာနဲ့ မျက်စိအေးစေတာမို့ အခုလိုပူပြင်းတဲ့ရာသီမှာ ရွေးဝတ်ဖို့ အရမ်းသင့်တော်ပါတယ်နော်။ မိန်းကလေးတိုင်းနဲ့လိုက်တဲ့အပြင် အရောင်နုနုလွင်လွင်လေးတွေက ဓာတ်ပုံရိုက်လို့လည်းလှတာမို့ တစ်ထည်လောက်ရှိထားတာတော့ မမှားပါဘူး။ ပေါ့ပေါ့ပါးပါးလည်းဖြစ်တာမို့ ပူအိုက်တဲ့ရာသီမှာ အဝတ်အစားကြောင့် ပူအိုက်ပြီးဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

ဒီတော့ဝတ်ဖို့စိတ်ဝင်စားတဲ့သူတွေ အိုင်ဒီယာယူနိုင်မယ့် Floral အဆင် Outfit အတွဲအစပ်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အသက်အရွယ်မရွေးလိုက်ဖက်တဲ့ပုံစံလေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

နွေရာသီကမ်းခြေသွားမယ့်သူတွေနဲ့ သင့်တော်တဲ့ ကြိုးတစ်လုံး ဂါဝန်လေးတွေ

အတိုဝတ်နေကျသူတွေအတွက် ပန်းအဆင် ကြိုးတစ်လုံးအင်္ကျီနဲ့ ဘောင်းဘီတိုလေး


လက်ပြတ်နဲ့ ဂျင်းဘောင်းဘီအတွဲလေး


Mini ပန်းဂါဝန် အတိုလေးတွေ


ချုပ်ဝတ်မယ့်သူတွေအတွက် ထူးခြားပြီး ချစ်စရာကောင်းတဲ့ အင်္ကျီဒီဇိုင်းလေးတွေ

ပန်းပွင့်အဆင် စကပ်တိုလေး


ထသွားထလာ ဝတ်လို့ကောင်းတဲ့ တီရှပ်နဲ့ ပန်းစကပ်ရှည်


ခေတ်ဆန်တဲ့ စကပ်ဘေးကွဲ ဂါဝန်ရှည်လေး

လက်ပြတ်ပန်းဂါဝန်ှရှည်ကိုမှ အတွင်းအင်္ကျီတစ်ထပ်နဲ့တွဲဝတ်တဲ့ပုံစံလေး


အင်္ကျီအဖြူနဲ့ တွဲဝတ်လို့လှတဲ့ ပန်းအဆင် စကပ်ရှည်ဒီဇိုင်းလေး

Photo Source: Pinterest

By MyStyle Myanmar