မိန်းကလေးတွေအတွက် နွေရာသီမှာခရီးထွက်ရင် ဝတ်ဆင်သင့်တဲ့ fashion style တွေကို မျှဝေပေးလိုက်ပါတယ်။ ခရီးထွက်ရင်တော့ ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေဖို့နဲ့ fashion ကျနေဖို့က အရေးကြီးပါတယ်။

ပူပြင်းတဲ့နွေရာသီမှာ အပန်းဖြေခရီးတွေ၊ ကမ်းခြေတွေသွားမယ်ဆိုရင်တော့ ဘောင်းဘီတိုလေးတွေနဲ့ လက်ပြတ်အင်္ကျီလေးတွေကို တွဲဝတ်ပြီး ဦးထုပ်ဆောင်းတာမျိုး၊ နေကာမျက်မှန်တပ်တာမျိုးတွေက style ကျသလို နွေရာသီနဲ့လည်း အရမ်းအဆင်ပြေပါတယ်။

ဒီဖက်ရှင်လေးဆိုလည်း နွေရာသီမှာ ဘယ်ခရီးသွားသွား ဘုရားဖူးကလွဲလို့ ကျန်တဲ့နေရာဒေသတွေနဲ့ လိုက်ဖက်တဲ့ fashion style ပါပဲ။

နွေရာသီမှာ ခရီးသွားရင် ဒီလိုစကပ်အရှည်အကွဲပါတာလေးတွေက အရမ်းမိုက်ပါတယ်။ Summer vibes အပြည့်အဝရစေပါတယ်။ အထူးသဖြင့် ကမ်းခြေနဲ့ဆို ပိုလိုက်ဖက်မှာပါ။

နွေရာသီမှာ ခရီးထွက်ရင် ဘောင်းဘီအပွအရှည်တွေကို လက်ပြတ်လေးတွေနဲ့ တွဲဝတ်တာမျိုးက အရမ်းလှပါတယ်။ ဝတ်ရတာပေါ့ပါးမှုရှိသလို fashion လည်းကျစေပါတယ်။ ဦးထုပ်လေးတွေဆောင်းလိုက်ရင်တော့ ပိုလိုက်တာပေါ့။

ဘောင်းဘီအပွအရှည်တွေကို လက်ပြတ်နဲ့မဝတ်ချင်ရင် ဒီလိုအင်္ကျီလေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ ချစ်ဖို့ကောင်းပြီး လှလည်းလှတာကြောင့် ခရီးသွားရင် ရွေးချယ်သင့်တဲ့ fashion style ပါပဲ။

မိန်းကလေးဆန်တာလေးကြိုက်ရင် စကပ်အရှည်အကားတွေကို shoulder off အင်္ကျီလေးတွေ၊ မိန်းကလေးဆန်ပြီး ပေါ့ပါးမှုရှိစေမယ့် အင်္ကျီလေးတွေနဲ့သာ တွဲဝတ်ပါ။ အရမ်းလှသလို နွေရာသီခရီးသွားရင်လည်း ဝတ်လို့အရမ်းကောင်းပါတယ်။

အတိုဝတ်တဲ့သူလေးတွေဆိုရင် နွေရာသီခရီးသွားရင် ဂါဝန်အတိုလေးတွေ၊ အထူးသဖြင့် ဂါဝန်အဖြူလေးတွေသာ ထည့်သွားပါ။

ဂါဝန်အရှည်လေးတွေဆိုလည်း ခရီးသွားရင် ဝတ်လို့အရမ်းကောင်းသလို လှလည်းလှပါတယ်။ နွေရာသီမှာဆိုရင် ပေါ့ပါးမှုလည်း ရှိစေတဲ့ fashion မျိုးပါ။

နွေရာသီမှာ ခရီးသွားလို့ ဘောင်းဘီရှည်အပွလေးတွေကို ကြိုးတစ်လုံးလေးတွေ၊ လက်ပြတ်လေးတွေနဲ့ တွဲဝတ်တာက အရမ်းလိုက်ပါတယ်။ ဒါပေမယ့် အသားမဲမှာကြောက်ရင်တော့ ဒီလိုအပေါ်ထပ်အပါးလေးတွေ ထပ်ဝတ်လို့ရပါတယ်။

photo source:www.pinterest.com