လူကောင်သေးတဲ့ကောင်မလေးတွေအတွက် style ကျနေစေမယ့် summer fashion လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Fashion ရေစီးကြောင်းအတိုင်းဝတ်ရတာကို ကြိုက်တယ်ဆိုရင်တော့ ဒီ fashion လေးတွေကိုလည်း သဘောကျမှာပါ။
Biker pants လေးတွေက နောက်ပိုင်းမှာခေတ်စားလာတဲ့ fashion ပါ။ ဝတ်လိုက်ရင် အရမ်းမိုက်ပါတယ်။ အပေါ်ကနေ boyfriend shirt လေးတွေသာ ထပ်ဝတ်လိုက်ရင်တာ့ style ကျပြီးမိုက်နေမှာပါ။
လူကောင်သေးတဲ့ ကောင်မလေးတွေက ဘောင်းဘီတိုလေးတွေကို ကြိုးတစ်လုံးနဲ့တွဲဝတ်ပြီး အပေါ်ကနေ shirt လေးတွေသာ ထပ်ဝတ်လိုက်ပါ။ Style ကျပြီး ချစ်ဖို့ကောင်းသွားပါလိမ့်မယ်။
ဘောင်းဘီတိုလေးတွေကို အခုခေတ်စားနေတဲ့ လက်ပြတ် top လေးတွေနဲ့ တွဲဝတ်တာလည်း ပေါ့ပါးတဲ့ fashion လေးပါပဲ။ နွေရာသီမှ မျက်မှန်လေးပါတပ်ရင် ပိုပြီး style ကျသွားမှာပါ။
ဂျင်းဘောင်းဘီအတိုလေးတွေကို ဒီလို crop top tshirt လေးတွေနဲ့တွဲဝတ်ပြီး sneakers အဖြူလေးစီးရင်တော့ ချစ်ဖို့ကောင်းမှာသေချာပါတယ်။
ဒီဖက်ရှင်လေးဆိုရင် insta fashion လို့တောင်ပြောလို့ရပါတယ်။ လူကောင်သေးသေးလေးတွေနဲ့ အရမ်းလိုက်ပါတယ်။
အခုခေတ်စားနေတဲ့ ဂျင်းအရှည်လေးတွေကိုဝယ်မယ်ဆိုရင် အဖြူလေးဝယ်ဖြစ်အောင်ဝယ်ပါ။ လက်ပြတ် crop top လေးတွေရောင်စုံနဲ့ တွဲဝတ်လို့ရပါတယ်။
ဂျင်းအဖြူလေးကို ဒီလိုဂျင်းကုတ်လက်ပြတ်လေးနဲ့ တွဲဝတ်ပြီး နေကာမျက်မှန်လေးနဲ့ ရှိုးထုတ်မယ်ဆိုရင်တော့ အထာကျပြီး အရမ်းမိုက်နေမှာပါ။
ဒီလိုဘောင်းဘီအမဲလေးတစ်ထည်ရှိရင် အရမ်းအဆင်ပြေပါတယ်။ လက်ပြတ်အမဲလေးနဲ့ ဒီလိုအထာကျကျ ဝတ်လို့ရပါတယ်။
ပုဝါပုံစံ top လေးတွေနဲ့လည်း အလန်းဝတ်လို့ရပါတယ်။
ဒီလိုအမိုက်စား top လေးတွေနဲ့လည်း ရောင်စုံတွဲဝတ်လို့ရပါတယ်။
ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ခပ်မိုက်မိုက် shirt လေးတွေ ထပ်ဝတ်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။