မြန်မာနိုင်ငံရာသီဥတုက အချိန်အများစုလိုလိုမှာ နွေရာသီ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ နေရာဒေသအလိုက်တော့ ကွဲပြားသွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အချိန်အများစုလိုလိုမှာ နေပူနေတတ်တဲ့ ဒေသမှာ နေထိုင်တဲ့ ပျိုမေတို့အတွက် ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို ဖော်ပြပါရစေ။ ရာသီဥတု ပူနေတဲ့အချိန်မှာ ထူထူထဲထဲ ဝတ်မယ်ဆိုရင် သင့်အတွက် သက်တောင့်သက်သာမဖြစ်ဘဲ ဝတ်နေတဲ့ အဝတ်အစားကိုပါ ငြိုငြင်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီတော့ ပူတဲ့ရာသီနဲ့လိုက်ဖက်တဲ့ အဝတ်အစားဖက်ရှင်တွေကို ဖော်ပြပါရစေ။

အဖြူရောင် ဂါဝန်

အဖြူရောင်က အပူမစုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ဝတ်စုံမို့လို့ နွေရာသီနဲ့ အလိုက်ဖက်ဆုံးပါ။ နွေရာသီမှာ လှနေဖို့ အဖြူ ဂါဝန်တစ်ထည်တော့ ရှိထားသင့်ပါတယ်။

Short Skirts

ပုံထဲကလို စကပ်အတိုလေးတွေက အပေါ်အင်္ကျီမျိုးစုံနဲ့ လိုက်ဖက်ပြီး နွေရာသီမှာ သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

Flowery Dress

ချစ်သူကောင်လေး ဒါမှမဟုတ် Crush နဲ့ Date လုပ်တဲ့ ရက်တွေမှာ ဒီလိုဂါဝန်လေးတွေက ရှုငေးမဝ ဖြစ်မယ့်အပြင် နွေရာသီနဲ့ပါ လိုက်ဖက်လွန်းပါတယ်။

Crop နဲ့ ဘောင်းဘီရှည်

ခါးတိုလေးနဲ့ ဘောင်းဘီရှည်ကလည်း ရာသီမရွေး ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ထဲ ပါဝင်ပါတယ်။ သင်က ဘောင်းဘီအရှည်ကို ရွေးချယ်မယ်ဆိုရင်တော့ ဒီဖက်ရှင်ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ဘောင်းဘီအပွ

သင်က အားကစားဘောင်းဘီပုံစံ အပွ တစ်ထည် ပိုင်ဆိုင်ထားမယ်ဆိုရင် အပေါ် ခါးတို အင်္ကျီနဲ့ နွေရာသီမှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပါတယ်။

အပြင်ထပ်အပါးနဲ့ ခါးတို

အထဲက ဗိုက်ပေါ် ခါးတိုနဲ့အတူ ဒါကို အမြင်မရိုင်းရအောင် အပြင်ထပ်အပါးလေးနဲ့ တွဲဝတ်လိုက်တဲ့အခါ သင့်ကို စတိုင်ကျစေသလို နွေရာသီနဲ့လည်း လိုက်ဖက်လှပါတယ်။

Biker Short

Biker Short နဲ့ အပေါ်ထပ် ပေါ့ပေါ့ပါးပါး ဝတ်ပေးတာက နွေရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar