အရမ်းပူတဲ့နွေရာသီမှာ အသားအရေမပျက်စီးဖို့အတွက်ဆို အသားအရေ ထိန်းသိမ်းမှုက အထူးအရေးကြီးသလို ဒီအမှားတွေကိုလည်း သတိထားပြီး ရှောင်ကြဥ်ဖို့လိုပါတယ်။

Sunscreen မသုံးတာ

ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကိုဖြစ်စေတာမလို့ Sunscreen က တစ်နှစ်ပတ်လုံး လိမ်းပေးဖို့လိုပါတယ်။ ဒါ့အပြင် သုံးနေတဲ့ SPF အမျိုးအစားပေါ် မူတည်ပြီး အချိန်မှန် လိမ်းပေးဖို့လည်းလိုပါတယ်။

SPF ထပ်မလိမ်းတာ

နွေရာသီမှာ အများစုမှားတဲ့ ဒုတိယအကြီးဆုံးအမှားကတော့ Sunscreen ကို ပြန်လိမ်းဖို့ မေ့သွားတာပါပဲ။ နေလောင်မခံရအောင် နေပူထဲထွက်တဲ့အခါ မိနစ် 60 မှ 90 တိုင်း Sunscreen ကို အမြဲပြန်လိမ်းပါ။

Exfoliation ကို မနက်ပိုင်းမှာလုပ်တာ

Exfoliation လုပ်တဲ့အခါ အကောင်းဆုံးအချိန်က ညပါ။ မနက်ပိုင်းမှာလုပ်တဲ့အခါ အသားအရေက ပိုပြီးထိခိုက်လွယ်ပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်ပါတယ်။

Waxing, Shaving, or Lasering လုပ်ပြီး အပြင်ထွက်တာ

ကမ်းခြေ ဒါမှမဟုတ် ရေကူးကန်ထဲ မ၀င်ခင် နာရီပိုင်းအလိုမှာ ဒါတွေလုပ်တာက နွေရာသီမှာ အဖြစ်များတဲ့ အမှားတစ်ခုပါပဲ။ Waxing, Shaving လုပ်ပြီးရင် 24 နာရီကနေ 48 နာရီအထိ အရိပ်ထဲမှာနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Lasering လုပ်ပြီး 10 ရက်အတွင်း နေပူထဲ ဒါမှမဟုတ် အပြင်ထွက်ရင် လုပ်ထားတာတွေက အလကားဖြစ်သွားသလို အနာကျက်ဖို့လည်း နှောင့်နှေးစေပါတယ်။

နှုတ်ခမ်းမှာ SPF သုံးဖို့ မေ့နေတာ

နေရောင်က ကော်လာဂျင်ကို ချေဖျက်ပစ်တာကြောင့် နှုတ်ခမ်းကို SPF မလိမ်းတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပြီး နှုတ်ခမ်းကို ပိုပြီးပါးလွှာစေပါတယ်။ ဒါကြောင့် နှုတ်ခမ်းကိုလည်း SPF ပါတဲ့ Sunscreen Lip Balm သုံးပေးဖို့ မမေ့ပါနဲ့။

မျက်နှာမသစ်တာ

ကမ်းခြေသွားတဲ့အခါ သဲနဲ့ရေထဲကတက်လာရင် မျက်နှာကို သေချာသစ်ဖို့လိုပါတယ်။ ဒါ့အပြင် ရေကူးကန် ဒါမှမဟုတ် ကမ်းခြေမှာ မရှိရင်တောင် အိပ်ရာမဝင်ခင် မျက်နှာကို သေချာသစ်ဖို့ အရေးကြီးပါသေးတယ်။ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ် ဖုန်မှုန့် အဆီတွေနဲ့ ချွေးတွေကိုပြောင်အောင်သစ်မှသာ အသားအရေက ကြည်လင်ပြီး ကျန်းမာလာမှာပါ။