ဘဝမှာ ခေါင်းစားဆုံးအချိန်တစ်ခုကို ပြောပါဆိုရင် ဖုန်းလဲရမယ့်အချိန် ဒါမှမဟုတ် ဖုန်းအသစ်တစ်လုံး မဖြစ် မနေဝယ်ရတော့မယ့်အချိန်ကိုပဲ မျက်လုံးထဲပြေးမြင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းအသစ်ဝယ်ခါနီးတိုင်း Review တွေပြေးဖတ်ရ နည်းပညာပိုင်းမှာဆရာကျတဲ့ ဘော်ဒါတွေကိုမေးမြန်းရနဲ့ ကိုယ်နဲ့တကယ်အဆင်ပြေမယ့် ဖုန်းတစ်လုံးရဖို့ စဉ်းစားရတာလည်း ခေါင်းမီးခိုးထွက်မတက်ပါပဲ။ လက်ရှိစမတ်ဖုန်းဈေးကွက်မှာလည်း ရွေးချယ်စရာအမိုက်စားဖုန်းတွေက ခပ်များများရယ်ဆိုတော့ စဉ်းစားရကြပ်ပြီး ခေါင်းစားရတာအမှန်ပါ။

များသောအားဖြင့် လူငယ်တွေအနေနဲ့ ဖုန်းတစ်လုံးရွေးချယ်တဲ့အခါ ဘက်ထရီကြာရှည်အသုံးခံနိုင်မယ့် စမတ်ဖုန်းမျိုးကို ဦးစားပေးရွေးကြတာများပါတယ်။ ဘက်ထရီ mAh များများပါတဲ့ စမတ်ဖုန်းဖြစ်မှသာ တစ်နေ့တာအသုံးပြုမယ့် ဆိုရှယ်မီဒီယာတွေ ရုပ်ရှင်၊ သီချင်း၊ ဗီဒီယိုတွေနဲ့ Mobile Legends , PUBG တို့လို အွန်လိုင်းဂိမ်းတွေ ကောင်းကောင်းဆော့လို့ရမှာဖြစ်ပြီး မကြာခဏအားသွင်းနေရတာမျိုးတွေမရှိပဲ အလုပ်ရှုပ်သက်သာစေမှာဖြစ်ပါတယ်။ လူငယ်တွေကိုင်မယ့် ဖုန်းဆိုတော့ လူငယ်ဆန်ဆန်နဲ့ လှပသေသပ်မှုရှိတဲ့ ဘော်ဒီ ဒီဇိုင်းပုံစံရှိဖို့လည်း လိုအပ်တာပေါ့။

နောက်ထပ်လူငယ်တွေအတွက် မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကင်မရာပိုင်းပါ။ ခရီးသွားရင်ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ Hangout လုပ်ရင်ပဲဖြစ်ဖြစ် ကိုယ့်ဘဝရဲ့အမှတ်တရဖြစ်ဖွယ် အခိုက်အတန့်တွေကို အရည်အသွေးကောင်းမွန်ပြီး ကြည်လင်ပြတ်သားမှုရှိတဲ့ ရုပ်ပုံတွေ ဗီဒီယိုတွေအဖြစ် မှတ်တမ်းတင်ရိုက်ကူးနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ကလည်း မဖြစ်မနေထည့်စဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးကတော့ ဈေးနှုန်းပါ။ ဈေးနှုန်းအသင့်အတင့်ရှိပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းဆိုရင်တော့ လူတိုင်းကြိုက်ကြတာပဲမဟုတ်လား။

ဒီအချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ညွှန်းပါဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Samsung Galaxy A21s စမတ်ဖုန်းလေးကိုပဲ ညွှန်းရမှာဖြစ်ပါတယ်။ Galaxy A Series မျိုးဆက်သစ်ဖြစ်တဲ့ A21s စမတ်ဖုန်းဟာ လူငယ်တွေအတွက် ရွေးချယ်စရာများစွာထဲကမှ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

A21s မှာက 5000 mAh ဘက်ထရီကို သုံးထားတာဆိုတော့ တစ်နေ့တာလုံးမှာ ဆိုရှယ်မီဒီယာတွေ စိတ်ကြိုက်သုံးမယ် ဂိမ်းတမုန်းဆော့မယ် ဆိုတဲ့ လူငယ်တွေအတွက်တော့ ကွက်တိပါပဲ။ နောက်ပြီး Google service ရဲ့ Official applications တွေကိုလည်း အလွယ်တကူ ရယူ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် တစ်ခြား Third Party App Store တွေကနေ secure မဖြစ်တဲ့ applications တွေကို ရယူစရာ မလိုတော့တဲ့ အပြင် Samsung ရဲ့ ကိုယ်ပိုင် အဆင့်မြင့် လုံခြုံရေးစနစ်တွေကို ထည့်သွင်းပေးထားတာဆိုတော့ လုံခြုံရေးပိုင်းမှာလည်း စိတ်ချယုံကြည်စွာ သုံးနိုင်မှာဖြစ်ပါတယ်။

Display အနေနဲ့ကလည်း ကြီးမားကျယ်ပြန့်တဲ့ ၆.၅ လက်မရှိတဲ့ HD+ Infinity-O မျက်နှာပြင်နဲ့ဆိုတော့ ရုပ်ထွက်ကြည်လင်ပြတ်သားမှုရှိတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ MTV အမိုက်စားတွေ ကြည့်ချင်သူတွေအတွက်လည်း စိတ်ကျေနပ်မှု အပြည့်အဝရစေမှာပါ။ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရတာ ဝါသနာပါသူတွေအတွက်လည်း 48MP Main Camera အပါအဝင် စွမ်းဆောင်ရည်မြင့်မားတဲ့ ကင်မရာ (၄) လုံးကို အသုံးပြုထားပြီး အရှေ့ဘက်ဆယ်ဖီလ်ကင်မရာကို 13MP သုံးပေးထားတာဆိုတော့ ကြည်လင်ပြတ်သားမှုအပြည့်ရှိတဲ့ အလှအပဆုံးဓာတ်ပုံတွေ ဗီဒီယိုတွေကို ဖန်တီးရိုက်ကူးနိုင်ပြီပဲဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့်လည်း RAM 3GB / Storage 32GB Version ကို မြန်မာငွေကျပ် ၂၆၉,၀၀၀ နဲ့ RAM 6GB / Storage 64GB Version ကိုတော့ မြန်မာငွေကျပ် ၃၂၉,၀၀၀ သာ ကျသင့်မှာဆိုတော့ လူတိုင်းလည်း လက်လှမ်းမှီပြီး သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ နောက်ဆုံးထွက် အသစ်စက်စက် စမတ်ဖုန်းတစ်လုံးကို ရရှိနိုင်မှာဖြစ်ပါတယ်။ Samsung ချစ်သူတွေရော ဖုန်းဝယ်ဖို့ခေါင်းစားနေတဲ့ ဘော်ဒါတွေအနေနဲ့ပါ A21s ဖုန်းလေးက လူငယ်တွေရဲ့ နေ့စဉ်လူမှုဘဝ လိုအပ်ချက်တော်တော်များများကို ဖြည့်စွမ်းပေးမယ့် သင့်တော်တဲ့ စမတ်ဖုန်းလေးတစ်လုံးဖြစ်တာကြောင့် ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်နော်။