မိုးရာသီမှာလည်း အဝတ်အစားရွေးချယ်ပြီဆိုရင် မိုးရာသီနဲ့လိုက်ဖက်တာမျိုးတွေကို ရွေးချယ်ဝတ်ဆင်ပေးဖို့လိုပါတယ်။ မိန်းကလေးတွေဆိုရင် ပိုပြီးတောင် သတိထားရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ပျိုမေတို့အဓိကထားပြီး ဝတ်ဆင်တဲ့ဖက်ရှင်နဲ့ ရှောင်ကြဉ်သင့်တဲ့ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Outfits

မိုးတွင်းမှာ ဘောင်းဘီရှည်၊ စကပ်ရှည်နဲ့ ဂါဝန်ရှည်ဝတ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဘောင်းဘီတိုနဲ့ Half Pants တွေဝတ်တာတော့ အကောင်းဆုံးပါ။ ဘောင်းဘီရှည်ဝတ်မယ်ဆိုရင်တောင် ဘောင်းကိုခေါက်ပြီးဝတ်မှ မိုးရေစိုတဲ့အခါ သိပ်မစိုပဲအဝတ်အစားလည်း မညစ်ပတ်မှာပါ။ အကောင်းဆုံးကတော့ မိုးတွင်းမှာ အဝတ်အစားရွေးချယ်မယ်ဆိုရင် ဘောင်းဘီတို၊ စကပ်တိုနဲ့ ဂါဝန်တိုလေးတွေကို ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ။

အင်္ကျီ

အင်္ကျီဝတ်တဲ့အခါမှတော့ လက်ရှည်လေးတွေ၊ ခေါင်းစွပ်အင်္ကျီလေးတွေနဲ့ Hoodie လေးတွေကို ဝတ်ဆင်ပေးတာက မိုးရာသီနဲ့လိုက်ဖက်သလို၊ ပိုပြီးတော့လည်း ဖက်ရှင်ကျစေပါတယ်။

ဂါဝန်လေးတွေ

ဂါဝန်လေးတွေဝတ်တဲ့အခါမှာလည်း အပေါ်ထပ်ဆွယ်တာလေးတွေ၊ ကုတ်လေးတွေနဲ့ Hoodie လေးတွေကို ထပ်ဝတ်လို့ရပါတယ်။ လက်ရှည်အင်္ကျီတွေနဲ့ ဆွယ်တာအင်္ကျီတွေ၊ ဂျင်းကုတ်တွေကိုလည်း ဝတ်လို့လည်းရသလို၊ လက်ပြတ်တွေ၊ လက်တိုတွေဝတ်မယ်ဆိုလည်း အပေါ်ထပ်လေးတွေထပ်ဝတ်လို့ ရနေတာဆိုတော့ အရမ်းအဆင်ပြေပါတယ်။

ဖိနပ်

ဖိနပ်ကိုရွေးချယ်တဲ့အခါမှာတော့ မိုးတွင်းမှာ ဒေါက်ဖိနပ်တွေနဲ့ ရိုးရိုးဖိနပ်အပါးတွေ၊ နုနုရွရွလေးတွေမစီးပဲ ကြိုးသိုင်းဖိနပ်လေးတွနဲ့ ဘွတ်ဖိနပ်လေးတွေကိုစီးတာက ပိုအဆင်ပြေပါတယ်။ အခုနောက်ပိုင်းမှာ Online Shopping တွေနဲ့ အပြင်တွေမှာ မိုးတွင်းစီးဖိနပ်တွေကို ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရောင်းနေကြတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ ဝယ်ရတဲ့သူအတွက်လည်း ရွေးချယ်စရာများတော့ အဆင်ပြေစေမှာပါ။

အရောင်

အဓိကကတော့ မိုးတွင်းမှာဖက်ရှင်ကျကျနဲ့လှနေစေဖို့ အရောင်နုတာတွေကို မရွေးချယ်သင့်ပါဘူး။ အင်္ကျီကတော့ ပြဿနာမရှိပေမယ့် ဖိနပ်နဲ့ အောက်ပိုင်းအဝတ်အစားတွေဆိုရင် အရောင်နုတာတွေရွေးချယ်လို့ လုံးဝမဖြစ်ပါဘူးနော်။ စွန်းထင်းညစ်ပစ်ကုန်ပါလိမ့်မယ်။

မိန်းကလေးတိုင်း မိုးရာသီမှာလည်း ရှိုးမပြတ်ပဲစတိုင်လ်ကျကျနဲ့ လှနေစေဖို့ ဒီအချက်လေးတွေကို မှတ်ထားဖို့လိုမယ်နော်။

Photo Source:Pinterest