Zendaya ကိုတော့ Spider Man: Far From Home ဇာတ်လမ်းနဲ့ သိကြမှာပါ။ Zendaya က ကလေးဘဝတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့သူပါ။

၁၉၉၆၊ စက်တင်ဘာ ၁ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Oakland တွင် မွေးဖွားခဲ့ကာ အသက် ၂၅ နှစ်ရှိပါပြီ။ Zendaya က Primetime Emmy Award, Satellite Award နဲ့ Saturn Award ဆုတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

ကာတွန်းဇာတ်လမ်းတွေမှာလည်း နောက်ခံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ Zendaya က ပိန်ပိန်ရှည်ရှည်လေးနဲ့ ဘာဝတ်ဝတ်ကြည့်ကောင်းပါတယ်။

ပိန်ပြီး သွယ်သွယ်လျလျရှိတဲ့ ပျိုမေတွေအတွက် Zendaya ရဲ့ Suit ဝတ်ဆင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

Image Source: Pinterest