အလှအပမြတ်နိုးသူတွေအတွက် ဒူးခေါင်း တဒေါင်ဆစ် ချိုင်း ဂုတ် မဲတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

သကြားဟာ ဘက်စုံအသုံးဝင်တဲ့ သဘာဝကပေးတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ သကြားကို မကြိုက်တဲ့သူရှားမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကြိုက်တဲ့သူပဲဖြစ်ဖြစ် မကြိုက်တဲ့သူပဲဖြစ်ဖြစ် သကြားကို ဒူးခေါင်းနဲ့ လက်တဒေါင်ဆစ်မဲနေသူတွေ အသုံးပြုနိုင်ဖို့ မျှဝေပေးလိုက်ချင်ပါတယ်။

သကြားကို ဒူးခေါင်း၊ တဒေါင်ဆစ်မဲနေတဲ့နေရာတွေကို ပွတ်လိမ်းပေးဖို့ အသုံးပြုနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ သကြားကို အသုံးပြုသင့်ပါတယ်။

ပါဝင်ပစ္စည်း

  • သကြား
  • သံလွင်ဆီ

ပြုလုပ်နည်း

သကြားကို သံလွင်ဆီ နဲ့ ဆတူရောပြီး ဒူးနဲ့ တဒေါင်ဆစ်နားမှာလိမ်းပေးပါ။ ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပါ။ ပြီးရင် ပိတ်စတစ်ခုကို ရေနွေးစွတ်ပြီး သုတ်ပေးပါ။ နေ့တိုင်းပြုလုပ်ပေးရင် ဒူးမဲတာ တဒေါင်ဆစ်မဲတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

နောက်တစ်နည်း

  • သကြား
  • သံပုယိုသီး

ပြုလုပ်နည်း

သံပုယိုသီးတစ်ခြမ်းထဲကို သကြားထည့်လိုက်ပါ။ ပြီးရင် ဒူးခေါင်း တဒေါင်ဆစ်နဲ့ လည်ပင်းမဲနေတဲ့နေရာတွေမှာ ပွတ်လိမ်းပေးပါ။ နေ့စဉ်ပုံမှန်လုပ်ပေးပါ။ တစ်ပတ်အတွင်းသိသာလာပါလိမ့်မယ်။