ဒီနေ့မှာတော့ သင့်ရဲ့တစ်နေ့တာကို ကောင်းတဲ့နေ့၊ ဆိုးတဲ့နေ့ဆိုတာကို မနက်ပိုင်းအချိန်က အဆုံးအဖြတ်ပေးနိုင််တယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်ကြမှာပါနော်။ ဒါ့ကြောင့် ပျော်ရွှင်ကျန်းမာတဲ့ လမ်းကြောင်းကိုသာ လျှောက်လှမ်းချင်တဲ့ ပျိုမေလေးတွေအတွက် နေ့စဉ်ရွှင်လန်းတက်ကြွမှုရှိစေရန် ကူညီပေးမယ့် အလေ့အကျင့် (၅) ချက်ကို ဝေမျှပေးချင်ပါတယ်။

ဒီအလေ့အကျင့်လေးတွေကိုသာ မှန်မှန်လုပ်ဆောင်သွားမယ်ဆိုရင် သင့်ကိုအမြဲတမ်း ကျန်းမာတက်ကြွလန်းဆန်းစေရုံသာမက ဆွဲဆောင်မှုအပြည့်နဲ့ အမြဲလှပနေတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲစေမှာ အသေအချာပါပဲ့နော်။

၁။ အိပ်ရာစောစောထပါ။

အချိန်မှန်အိပ်ပြီး မနက်ပိုင်းစောစောထခြင်းကလည်း သင့်ကို စိတ်ငြိမ်သက်မှုရရှိစေသလို သင့်ခန္ဓာကိုယ်မှာလည်း ယခင်ထက်ပိုပြီးတက်ကြွလန်းဆန်းမှု ရှိလာစေမှာ ဖြစ်ပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်အလေးချိန်လျော့ကျလိုသူတွေအနေနဲ့ မနက်ပိုင်းလေ့ကျင့်ခန်းအနေဖြင့် ယောဂ သို့မဟုတ် Workoutတစ်ခုခုကို လုပ်ဆောင်ပေးနိုင်သော်လည်း ပုံမှန်လုပ်နေကျမဟုတ်သူများအတွက်တော့ အလေ့အကျင့်မရှိပါက တဇွတ်ထိုးမလုပ်မိရန် အကြံပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါး အကြောဆန့်လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ပေးပြီး တဖြည်းဖြည်းချင်းအဆင့်တိုးပြီး လုပ်ဆောင်သွားနိုင်ပါတယ်။

၃။ သံပရာရည်သောက်ပါ။

မနက်ပိုင်းမှာ သံပရာရည်ကို သောက်ပေးခြင်းကလည်း မကြာမှီစားသုံးတော့မယ့်အစားအသောက်တွေ ချေဖျက်မှုကို ကူညီပေးနိုင်မှာဖြစ်သလို ရေသောက်တဲ့အခါမှာလည်း ပိုပြီးအရသာရှိစေမှာပဲ့ဖြစ်ပါတယ်။

၄။ လျှာကိုသန့်ရှင်းရေးလုပ်ပေးပါ။

မနက်တိုင်း လျှာကို သန့်ရှင်းရေးလုပ်ခြင်းက မနက်အိပ်ရာထချိန် အာခံတွင်းနံ့ဆိုးမှုကို ဖယ်ရှားပေးဖို့ကူညီပေးတဲ့အတွက် အလေ့အကျင့်ဖြစ်ဖို့ အချိန်ပေးပြီး ကြိုးစားလုပ်ကြည့်သင့်တဲ့ အရာတစ်ခုပဲ့ ဖြစ်ပါတယ်။

၅။ တရားထိုင်ပါ။

စိတ်ငြိမ်ချမ်းစေဖို့တရားထိုင်တဲ့အခါမှာ မှန်ကန်သင့်တော်သည့်အချိန်ကို ရွေးချယ်ဖို့ကလည်း အင်မတန်မှအရေးကြီးပါတယ်။ မနက်ပိုင်းအချိန်တွင် မိနစ်ပိုင်းအနည်းငယ်မျှ ငြိမ်သက်စွာ တရားထိုင်လိုက်ခြင်းကလည်း တနေ့တာလုံး စိတ်ကြည်လင်လန်းဆန်းမှုရှိနေစေမှာဖြစ်ပါတယ်။