အချိန်တွေကြာလာတဲ့အခါ ကိုယ်ပိုင်ထားတဲ့ Relationship မှာ ဒီအချက်တွေကို ခံစားမိနေပြီဆိုရင် သေချာပါတယ်။ သင်ဟာ သူ့စိတ်ထဲက အရေးပါတဲ့သူမဟုတ်တော့ပါဘူး။

စိတ်ချင်းဝေးတာ

လူကအနားမှာရှိနေပေမယ့်လည်း ကိုယ့်အပေါ်အရင်လို စိတ်ဝင်စားမှုမရှိတော့ဘူး ၊ လူချင်းနီးပေမယ့် စိတ်ထဲ မိုင်ပေါင်းများစွာဝေးနေတယ်လို့ခံစားနေရင် ၊ စိတ်ချင်းနီးတယ်လို့ မခံစားရတော့ဘူးဆိုရင် ဒါသူအရင်လို သင့်ကိုမချစ်တော့လို့ပါ။

ဝေဖန်လာတာ

အပြုသဘောဆောင်တဲ့ ဝေဖန်တာမျိုးမဟုတ်ဘဲ ဘာလုပ်လုပ် အပြစ်တင်ဝေဖန်နေတာကလည်း သူ့ရဲ့ခံစားချက်တွေ ပြောင်းသွားတာကို ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။

စိတ်ဆိုးတာ

မပြောပလောက်တဲ့ အမှားလေးတစ်ခုလုပ်မိရင်တောင် အကြီးကြီးစိတ်ဆိုးတာ ၊ အသေးအမွှားပြဿနာလေးကအစ သည်းမခံဘဲ ရန်လုပ်လာတာတွေကလည်း ဝေးကွာခြင်းရဲ့အစပါပဲ။

ချစ်တယ်မပြောတော့တာ

ချစ်တဲ့သူတွေကတော့ ဘယ်အချိန်‌မှာဘဲဖြစ်ဖြစ် ချစ်တယ်လို့ပြောဖို့မမေ့သလို ဘယ်နှစ်ခေါက်ပြောပြော ရိုးသွားတယ်လို့မရှိပါဘူး ။ ဒါပေမယ့် မချစ်တော့သူတွေကတော့ ပြောင်းပြန် စိတ်ခံစားချက်မရှိတော့တဲ့အခါ ချစ်တယ်ဆိုတဲ့စကားပြောဖို့ ဝန်လေးလာတတ်ပါတယ်။

သင့်အတွက်မအားတော့တာ

တကယ်ချစ်တဲ့သူတွေက တကယ်သူတို့မအားရင်တောင် သူတို့ချစ်တဲ့သူအတွက် အချိန်မရှိ ရှိအောင် ဖန်တီးပြီး အချိန်ပေးတတ်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူက အကြောင်းအမျိုးမျိုးပြပြီး သင့်ကိုအချိန်မပေးတော့ဘူးဆိုရင် ဒါဟာ သူတို့ရဲ့ ခံစားချက်တွေ ပြောင်းလဲသွားတဲ့ လက္ခဏာပါ။

အနာဂတ်အစီအစဥ်မှာ သင်မပါတော့တာ

သင့်ချစ်သူရဲ့အနာဂတ်အစီအစဥ်တွေကို မေးကြည့်ပါ။ သူ့ရဲ့ အနာဂတ်အစီအစဥ်မှာ သင်ပါနေရင်တော့ သင်က သူ့ရဲ့ အိပ်မက် နဲ့ မျှော်မှန်းချက် ရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုပါ။ မပါခဲ့ဘူးဆိုရင်တော့ သင်ကသူ့အတွက် အရေးမပါတော့ပါဘူး။

သင့်အကြောင်းစိတ်မဝင်စားတာ

ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူရဲ့အကြောင်းကို သိချင်ကြပါတယ်။ ဘယ်သွားတယ် ၊ ဘာလုပ်တယ်ကအစပေါ့။ ဒါပေမယ့် သင့်ချစ်သူက အရင်လိုစိတ်မဝင်စားတော့ဘူးဆိုရင်တော့ ဒါဟာ သင့်ကို တကယ် ဂရုမစိုက်တော့တာပါ။