အမျိုးသမီးအများစုဟာ အသက်အရွယ်ရလာတဲ့ လက္ခဏာတွေကို အနှေးနဲ့အမြန် ကြိုတင်သိမြင်နိုင်ကြပြီး ဖုံးကွယ်ဖို့အတွက်လည်း ကြိုးစားကြပါတယ်။ ဒီလိုမျိုးဖုံးကွယ်နေတဲ့ကြားမှာပဲ တခါတလေ ကိုယ်သတိမထားလိုက်မိတဲ့ နေရာလေးတွေလည်း ရှိတတ်ပါတယ်။

သိသာလာတဲ့အခါကျမှ သတိထားမိပြီး ပြင်ဆင်မယ်ဆိုရင် နောက်ကျသွားနိုင်လို့ ဘယ်နေရာလေးတွေကိုလည်း သတိထားရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ နားရွက်တွေ

လူအများက သတိထားခဲတဲ့ နေရာတစ်ခုဆိုပေမယ့်လည်း နားပျဉ်းနဲ့ ခေါင်းနဲ့နားရွက်ကြားက အရိုးနုလေးတွေက နှစ်အတော်ကြာတဲ့အခါ သဘာဝအတိုင်းတင်းရင်းမှုတွေ လျော့ကျသွားပါတယ်။ နားကွင်းအကြီးကြီးတွေ ဝတ်ရတာကို ကြိုက်နှစ်သက်တဲ့ ပျိုမေတွေမှာပိုပြီး အပြောင်းအလဲတွေဖြစ်တတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ

အမြဲတမ်း ခရင်မ်လိမ်းပေးပြီး စိုပြေနူးညံ့မှုရှိစေပါ။ ညအိပ်တဲ့အခါမှာလည်း နားကပ်သေးသေးလေးပင်လျှင် ချွတ်ပြီးမှ အိပ်သင့်ပါတယ်။

၂။ လည်ပင်း

မိန်းကလေးအများစုဟာ မျက်နှာကိုပဲ အဓိကထားပြီး ပုံမှန်ဂရုစိုက်လေ့ရှိပြီး လည်ပင်းကိုတော့ မေ့မေ့ပျောက်ပျောက်နေတတ်ကြပါတယ်။ လည်ပင်းမှာက အဆီအစိတ်အပိုင်းလုံးဝမရှိတဲ့အတွက် အသားအရေဟာ အချိန်တိုအတွင်းမှာပဲ ပျော့တွဲပြီးအရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

မျက်နှာကို ဂရုစိုက်သလိုပဲ လည်ပင်းကိုလည်း သန့်စင်ပေးပြီး ထိန်းထိန်းသိမ်းသိမ်းရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မျက်နှာလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့်လည်း လည်ပင်းသားကို တင်းတင်းရင်းရင်းရှိစေပါတယ်။

၃။ နဖူး

ဘယ်လောက်ပဲ Botox ထိုးထိုး နဖူးက အရေးအကြောင်းတွေ ပေါ်လွယ်ဆုံးနေရာပါ။ ထိုဇရာတွေပေါ်လာပြီဆိုရင် သဘာဝပုံစံလည်းပျောက်သွားပြီး ပါးပါးရှပ်ရှပ် ဖြစ်သွားနိုင်ပါတယ်။

ကာကွယ်ဖို့နည်းလမ်း

မျက်နှာပေါင်းတင်ခြင်း၊ ခရင်မ်များလိမ်းပေးခြင်း၊ မျက်နှာလေ့ကျင့်ခန်းများကို မှန်မှန်လုပ်ဆောင်ပေးမယ်ဆိုရင် မည်သည့် Botox မှတောင် ထိုးစရာမလိုတော့ဘဲ သဘာဝအတိုင်း လှပနေစေမှာပါ။

၄။ မျက်ခုံး

ငယ်ရွယ်စဉ်အချိန်မှာတော့ ဖြောင့်တန်းနေတဲ့ မျက်ခုံးလေးတွေဟာ အရွယ်ရလာတဲ့အခါမှာ ငိုက်စင်းသွားတတ်ပြီး လူတစ်ဦးရဲ့ မျက်နှာအသွင်အပြင်ကို ရုပ်ဆိုးသွားစေနိုင်ပါတယ်။

ကာကွယ်ဖို့နည်းလမ်း

မည်သည့် Botox မှလည်း ထိုးစရာမလိုသလို မိတ်ကပ်တွေလည်းလူးစရာမလိုပါဘူး။ မျက်နှာလေ့ကျင့်ခန်းလေးလုပ်ပေးရုံနဲ့ ကာကွယ်နိုင်မှာပါ။

၅။ နှုတ်ခမ်း

မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာအလှကို ဖော်ဆောင်နိုင်တဲ့ အရာတစ်ခုဖြစ်သည့် နှုတ်ခမ်းသားဟာဆိုရင်လည်း နှစ်များအတော်ကြာလာတဲ့အခါမှာ သူရဲ့ပုံသဏ္ဍာန်ပျောက်လာပြီး ဆွဲဆောင်မှုလျော့ကျသွားစေပါတယ်။

ဘယ်လိုကာကွယ်မလဲ

တနေ့ကို နှုတ်ခမ်းကြွက်သားအတွက် လေ့ကျင့်ခန်း ငါးမိနစ်လောက်လုပ်ပေးရုံနဲ့ နှုတ်ခမ်းအသွင်လေး တင်းတင်းလေးရှိနေစေမှာဖြစ်ပါတယ်။

၆။ လက်များ

လည်ပင်းလိုပဲ လက်များတွင်လည်းအဆီတစ်သျှူးစများ မရှိတဲ့အတွက် အခြားနေရာတွေမှာ အိုမင်းရင့်ရော်တဲ့လက္ခဏာတွေမပြခင် လက်များတွင် အရေးအကြောင်းများ အရင်ပေါ်လာခြင်းပါ။

ဘယ်လိုကာကွယ်ကြမလဲ

လက်ပေါ်ကအရေးအကြောင်းတွေကို ပျောက်အောင်လုပ်ဖို့မဖြစ်နိုင်ပေမယ့်လည်း မဖြစ်အောင်တော့ တားဆီးနိုင်ပါတယ်။ အမြဲတမ်း Skincare လုပ်ပေးဖို့၊ ဟင်းချက်တဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့အခါတွေမှာ လက်အိတ်ဝတ်ဖို့တို့ကို မမေ့ပါနဲ့။