ဒီနေ့လို ဆက်သွယ်ရေး တိုးတက်ကောင်းမွန်ပြီး ဆိုရှယ်မီဒီယာများ အသုံးများလာတဲ့ခေတ်ကြီးထဲမှာ အချစ်တွေက ပေါလွန်းပါတယ်။ ဒါပေမဲ့ အချစ်စစ်ကတော့ တော်တော်လေးရှားပါလိမ့်မယ်။

ကိုယ့်ချစ်သူက ကိုယ့်အပေါ် တကယ်ချစ်ရဲ့လား ကိုယ်ကရော ကိုယ့်ချစ်သူအတွက် အချစ်စစ် အချစ်မှန်ဖြစ်ရဲ့လားဆိုတာကို ဝေခွဲရခက်နေတဲ့သူတို့အတွက် လက္ခဏာတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ဒီလက္ခဏာတွေကို မြင်တွေ့နေရပြီဆိုရင်တော့ သေချာပါတယ် သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အချစ်တုတွေနဲ့ပဲ ပြည့်နှက်နေတာပါ။

လူအများရှေ့မှာ အရမ်းရိုပြနေမယ်

လူအများရှေ့မှာ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ အရမ်းချစ်ပြနေမယ် အရမ်းရိုပြနေပေမယ့် နှစ်ယောက်တည်းရှိတဲ့အချိန်မှာတော့ အချစ်တွေကို မဖော်ပြဘဲ ဘာသိဘာသာပဲ နေနေခြင်းသည် သင့်ကို တကယ်ချစ်တာမဟုတ်ပါဘူး။

ပြောစရာစကားတွေက တဖြည်းဖြည်းကုန်ခမ်းလာမယ်

သင်တို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု မရှိတော့တဲ့အခါ ပြောစရာစကားတွေသည်လည်း ကုန်ခမ်းလာပါလိမ့်မယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ သင်တို့ရဲ့အချစ်တွေလည်း တဖြည်းဖြည်း ကုန်ခမ်းလာပါပြီ။

သင့်ကို ပြောင်းလဲဖို့ ကြိုးစားလာကြတယ်

သင်တို့နှစ်ယောက်စလုံးမှာ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့အချက်တွေ ရှိကြပါလိမ့်မယ်။ သင့်ကို အချစ်စစ်နဲ့ မချစ်တဲ့သူကတော့ သူ မကြိုက်တဲ့ သင့်ရဲ့အမူအကျင့်တွေကို သူစိတ်ချမ်းသာဖို့အတွက်နဲ့ အတင်းပြောင်းလဲပါလိမ့်မယ်။ သင်က သူ့အလိုကျ မလိုက်လျောရင်တော့ ဒေါသအကြီးအကျယ်ထွက်ပါလိမ့်မယ်။

ပြဿနာတစ်ခုခု ရှိလာပါကလည်း အတူတူဖြေရှင်းဖို့ မကြိုးစားဘူး

ချစ်သူစုံတွဲတွေကြားမှာ စကားများရန်ဖြစ်တာတွေ အမြင်မတူတာတွေက ရှိစမြဲပါပဲ။ ထိုအမြင်မတူတာတွေကို ညှိယူဖို့အတွက် နှစ်ယောက်စလုံးမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့ချစ်သူက သင့်နဲ့ ဘာမှ ညှိယူချင်တာမျိုးမရှိဘူး။ ပြဿနာတစ်ခုခုဖြစ်လာပါကလည်း ဘာမှ ဖြေရှင်းချင်စိတ်မရှိဘူးဆိုရင် သေချာပါတယ် သူ သင့်ကို အချစ်စစ်နဲ့ ချစ်တာမဟုတ်ပါဘူး။

သင်က သူတို့ရဲ့ပထမဦးစားပေး မဟုတ်ဘူး

လုပ်ငန်းခွင် ဝင်နေရတဲ့သူတွေအဖို့ အလုပ်များတာကတော့ သဘာဝပါပဲ။ အရေးကြီး လူမှုရေးကိစ္စတွေဆိုတာကလည်း တခါတရံမှာ မမျှော်လင့်ပဲ ပေါ်ပေါက်လာတတ်ပါတယ်။ ဒါပေမဲ့ မခိုင်လုံတဲ့အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီး သင်နဲ့ တွေ့ဆုံဖို့ ငြင်းဆန်နေမယ်ဆိုရင်တော့ သင်က သူ့အတွက် အရေးမပါတဲ့သူဆိုတာ ဖော်ပြနေတာပါ။ သူသာ သင့်ကို တကယ်ချစ်တယ်ဆိုရင် မအားတဲ့ကြားထဲကတောင် သင့်အတွက် အချိန်တွေ ရှာဖွေပေးပြီး သင်နဲ့ တွေ့နိုင်အောင် ကြိုးစားမှာပါ။

Source: Brightside.me