နေ့တိုင်း ဒါတွေချည်း ဝတ်နေရလို့ရိုးနေပြီလား ? သင်အမြဲတမ်းစတိုင်ကျနေစေဖို့ဆို သင့်ဗီရိုထဲမှာ ဒီအရာတွေရှိနေဖို့ဘဲ လိုတာပါ။ ဒါတွေကတော့ Stylists နဲ့ ဖက်ရှင်ကျွမ်းကျင်သူတွေ တွေပြောပြတဲ့ ဖက်ရှင်အတွက် မရှိမဖြစ်ရှိထားသင့်တဲ့ ဆောင်ထားသင့်တဲ့ Secret Pieces များပါ။
Plain White Sneakers
အဖြူရောင်ဖိနပ်ဆိုတာက ဘယ်အရောင်နဲ့မဆိုတွဲဝတ်လို့ရတာမလို့ အချိန်မကုန်ဘဲ ပေါ့ပါးတဲ့အသွင်အပြင်ကို ဖန်တီးနိုင်ပါတယ်။
Animal Print Belt
သင့်ပုံစံကို ခပ်မိုက်မိုက်ဖြစ်စေချင်ရင် Animal Print ခါးပတ်လေး ပတ်လိုက်ရုံပါပဲ။
White Button Dow
အားစိုက်ထုတ်စရာမလိုတဲ့ အမိုက်စား Look လေးဖန်တီးချင်ရင်တော့ အဖြူရောင်ရှပ်အင်္ကျီက ပြီးပြည့်စုံတဲ့ Look ကို ရစေမှာပါ။
Oversized Blazer
Oversized Blazer တွေက ရိုးရိုးလေးနဲ့ သင့်စတိုင်ကို ပေါ်လွင်နေစေမှာပါ။
Denim Jacket
ဖက်ရှင်နဲ့ပတ်သက်ရင် ဘယ်အချိန်ဘဲဝတ်ဝတ် ဘယ်တော့မှမရိုးသွားတာကတော့ Denim Jacket တွေပါ။
Little Black Dress
အနက်ရောင် ၀တ်စုံရဲ့အသုံးဝင်မှုကတော့ နေရာတိုင်းနဲ့လိုက်ဖက်မှုရှိတာပါ။
Bag That Fits Everything
ဘယ်လို Outfit မျိုးနဲ့မဆို အားလုံးနဲ့လိုက်ဖက်တဲ့အိတ်တစ်လုံးကတော့ မရှိမဖြစ်လိုအပ်တဲ့အရာပါပဲ။
Cable Knit Cashmere Sweater
လူတိုင်းရဲ့ဗီရိုမှာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုက ကြိုးချည်တဲ့ Cashmere ဆွယ်တာအင်္ကျီပါ။ ဒီဘက်စုံသုံး ဆွယ်တာအင်္ကျီက ဂျင်းဘောင်းဘီ၊ စကတ်တို့နဲ့ တွဲဝတ်လိုက်ရင် ဘယ်နေရာမဆို သွားလို့အဆင်ပြေပါတယ်။