မင်္ဂလာပါနော်။ ပိုးသားအိအိလေးနဲ့ ကြိုးတစ်လုံး Slip Dress တွေက သူ့တစ်မျိုးထဲနဲ့လည်း အရမ်းလှသလို Body Type တော်တော်များများနဲ့လည်းလိုက်တာမို့ တစ်ထည်လောက်ရှိထားတာ မမှားပါဘူး။ Slip Dress တွက ဝတ်လိုက်တာနဲ့ ဆွဲဆောင်မှုရှိပြီး Classy ဖြစ်တဲ့ Vibe ရစေတာမို့ တော်တော်များများက ပွဲတက်ဖက်ရှင်အနေနဲ့ ဝတ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါပွဲတက်ပြီး ဝတ်လို့မရတော့တာမျိုးမဖြစ်အောင် ဒီတစ်ခေါက်မှာ Slip Dress တစ်ထည်လောက်ရှိရုံနဲ့ ဘယ်သွားသွားအဆင်ပြေပြီး စတိုင်ကျကျ တွဲစပ်ဝတ်နိုင်မယ့်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖက်ရှင်ချစ်သူတို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်-

၁။ ထသွားထလာ ဝတ်လို့ရအောင် Slip Dress အောက်က ရှပ်အဖြူလေးခံပြီး ဝတ်ပါမယ်။ ဒီတိုင်းဝတ်တာထက် ပေါ့ပါးပြီး လူငယ်ဆန်စေမှာပါ။


၂။ အပြင်သွားတဲ့အခါ ရှင်းရှင်းလေးနဲ့ လှနေအောင် Slip Dress ကို အပေါ်က ရှပ်လက်ရှည် ခါးစည်းထည့်ပြီး ဝတ်တာမျိုးလုပ်ကြည့်ပါ။ အဖြူကြောင့်ထင်းသွားမယ့်အပြင် လက်ပြတ်ကို ဖုံးပေးတာမို့ ပိုပြီးသက်တောင့်သက်သာရှိပါတယ်။

၃။ ပုံစံလေးပြောင်းသွားအောင် Cardigan အပါးတွေနဲ့တွဲဝတ်တာမျိုးလည်း လုပ်နိုင်ပါတယ်နော်။


၄။ ရာသီဥတုအေးတဲ့အချိန်မှာဆိုရင်တော့ အပေါ်က ဆွယ်တာလေးတွေနဲ့တွဲဝတ်ကြည့်ပါ။ ခါးအရမ်းမရှည်တဲ့ Crop ဆွယ်တာလေးတွေဆို ပိုလှပါတယ်။


၅။ အထဲက လည်ပင်းရှည် Turtleneck အင်္ကျီလေးတွေနဲ့ တွဲဝတ်တာမျိုးလည်း လုပ်နိုင်ပါတယ်နော်။ ဒီစတိုင်လေးက ဝယ်ထားတဲ့ Slip Dress ချောင်နေတဲ့သူတွေ၊ ရင်သားသိပ်မရှိလို့ အထပ်ခံချင်သူတွေအတွက် တွဲဝတ်လို့လှစေမှာပါ။


၇။ သင့်ရဲ့ Slip Dress ကိုပိုပြီး အထာကျအောင်ဖန်တီးချင်ရင် အပေါ်က ဂျာကင်တစ်ထပ်နဲ့ တွဲဝတ်လိုက်ပါနော်။


၆။ ပိုပြီး Formal ဆန်တဲ့ Look အတွက်တော့ Blazer အကျီၤနဲ့တွဲပြီး ဝတ်သင့်ပါတယ်။ စမတ်ကျပြီး ဆွဲဆောင်မှုရှိစေတာမို့ အသက်အရွယ်မရွေးလိုက်ဖက်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar