လှပတဲ့လက်သည်းဒီဇိုင်းတွေဆိုတာ ပျိုမေလေးတို့ရဲ့ အဝတ်အစားဖက်ရှင်စတိုင်လ်ကို ရုပ်လုံးကြွလာအောင် ကူညီပေးတဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ လက်သည်းနီဆိုးတဲ့အခါမှာလည်း အချို့က အရောင်တောက်တောက်လေးတွေ ဆိုးရတာကြိုက်ပြီး အချို့က အရောင်ဖျော့လေးတွေကို ပိုနှစ်သက်ကြပါတယ်။

လက်သည်းနီဒီဇိုင်းလေးတွေကို မဖော်ပြခင်မှာ ပျိုမေလေးတွေ အထားများတဲ့ လက်သည်းဒီဇိုင်းလေးတွေအကြောင်း အရင်ပြောပြချင်ပါတယ်။ လက်သည်းအရှည်ထားတဲ့ ပျိုမေလေးတွေအထားများတဲ့ လက်သည်းဒီဇိုင်း ၅ မျိုးကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပဲဖြစ်ပါတယ်။

အသေးစိတ်လေးကိုတော့ တစ်ပုံချင်းစီ ဆက်လေ့လာကြည့်လိုက်ရအောင်

လေးထောင့်ကျကျ လက်သည်းဒီဇိုင်း

အဝိုင်းပုံ လက်သည်းဒီဇိုင်း

ဘဲဥပုံလက်သည်းဒီဇိုင်း

အယ်လ်မွန်စေ့ပုံ လက်သည်းဒီဇိုင်းနဲ့

Ballerina လက်သည်းဒီဇိုင်း

လက်သည်း အရမ်းရှည်တာမျိုး မထားချင်ဘူး မတို မရှည်လေးဘဲ ထားချင်သူတွေအတွက်ကတော့ လေးထောင့်စပ်စပ် (သို့) အဝိုင်းပုံ (သို့) ဘဲဥပုံ လက်သည်းဒီဇိုင်းလေးက အဆင်ပြေပါတယ်။ ကျန်တဲ့ ဒီဇိုင်းနှစ်မျိုးကတော့ လက်သည်းအရှည်နဲ့ ပိုမိုလိုက်ဖက်ပါတယ်။

ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး လက်သည်းအရှည်ထားပြီးသွားပြီဆိုရင် လက်သည်းနီမဆိုးဘဲ ဒီအတိုင်းထားမယ့်အစား အမိုက်စားလက်သည်းနီဒီဇိုင်းလေးတွေ ဆိုးပေးလိုက်ပါ။ ဒါမှ လက်ချောင်းလေးတွေရဲ့ အလှက ပေါ်လွင်သွားပြီး မိန်းကလေးဆန်ဆန်နဲ့ လှပနေမှာပဲဖြစ်ပါတယ်။

လတ်တလောရေပန်းစားနေတာ ဘယ်လိုလက်သည်းနီဒီဇိုင်းလေးတွေ ဖြစ်မလဲဆိုတာ သိချင်နေကြပြီနဲ့ တူတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် အတူတူဆက်ကြည့်လိုက်ရအောင်။

ဘယ်လိုလဲ ပျိုမေလေးတို့ရေ… ကိုယ့် အကြိုက်နဲ့ ထပ်တူကျတဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို ရှာတွေ့ကြရဲ့လား။

Source: Thetrendspotter.net

By MyStyle Myanmar