မင်္ဂလာပါ… ပျိုမဒီတို့ရေ… လွန်ခဲ့တဲ့ 80s နဲ့ 90 ခုနှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ဖက်ရှင်လောကရဲ့ ခါးပတ်တွေက အရေးပါတဲ့ အရာတစ်ခုပါ။ ဘောင်းဘီကိုထိန်းဖို့အတွက်သာမဟုတ်ပဲ ဖက်ရှင်အတွက်ပါ ခါးပတ်ကို သုံးလို့ရပါသေးတယ်။ ခါးပတ်ပတ်လိုက်ရင်ကိုဘဲ တမူထူးခြားနေပါပြီ။ ခါးမှာ ခါးပတ်ကြိုးတစ်ချောင်းပတ်ထားရင်ကိုဘဲ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေကိုတောင်မှ ခါးမှာ ခါးပတ်ကြိုးတစ်ချောင်းပတ်ထားလို်က်ရင် သင့်ပုံစံကို ပြောင်းလဲစေပါတယ်။

အနက်ရောင်ခါးပတ်ပြားအကြီး

ရိုးရိုးရှင်းရှင်းဂါဝန်ပေါ်မှာ အနက်ရောင်ခါးပတ်ပြားအကြီး ဝတ်လိုက်ပါ။ သင့်ဝတ်စုံကို ပြီးပြည့်စုံတဲ့အသွင် ဖြစ်စေမှာပါ။

အဖြူရောင်ခါးပတ်ပြားအသေး

ခါးပေါ်မှာ ခါးပတ်ပါးပါးလေးပတ်ထားတာက မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို ထင်ရှားစေပြီး ကြည့်သူတွေရဲ့မျက်လုံးကို စွဲဆောင်စေပါတယ် ။

ခါးမြင့်ခါးပတ်များ

ခါးမြင့်တဲ့ ခါးပတ်ကို ၀တ်ထားရင် ဂါဝန်ရဲ့ အသွင်အပြင်က ပိုလှပါတယ်။ အရောင်ရွေးတဲ့အခါ အများစုက ရွှေရောင် သို့မဟုတ် ငွေရောင်ခါးပတ်များကို ရွေးချယ်လေ့ရှိကြပါတယ်။

အနီရောင်ခါးပတ်ပြားအကြီး

အနီရောင်ခါးပတ်ပြားအကြီးက တကယ်ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တစ်ခုပါ။ အနီရောင်ခါးပတ်ကို ဖဲပြားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အသွင်အပြင်က အံ့မခန်းပါပဲ။

ငွေရောင်ခါးပတ်

ငွေရောင်ခါးပတ်တွေက ချစ်စရာကောင်းပြီး တော်ဝင်ဝတ်စုံနဲ့ လိုက်ဖက်ပါတယ်။

အလှခါးပတ်များ

အမျိုးမျိုးဒီဇိုင်းတွေနဲ့လုပ်ထားတဲ့ ခါးပတ်တွေဟာ ပါတီပွဲတွေမှာ အမျိုးသမီးတွေနဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေကြားမှာ တကယ်အတွေ့များပါတယ်။