ရုံးသွားဖို့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ညစာသွားစားတာပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်ပွဲတက်တာပဲဖြစ်ဖြစ်၊ အဖြူရောင်ဘောင်းဘီတွေက ခေတ်ဆန်ပြီး နေရာတိုင်းနဲ့လိုက်ဖက်ပါတယ်။ ဒီလို နေရာတိုင်းနဲ့အဆင်ပြေတဲ့ White Pants ကိုသက်တောင့်သက်သာရှိပြီး စတိုင်ကျကျဝတ်နိုင်ဖို့ အကြံတချို့ကို ဝေမျှပေးချင်ပါတယ်။

ဘောင်းဘီအဖြူဝယ်တဲ့အခါ အရည်အသွေးကောင်းတာကို ပထမဦးစားပေးရွေးဝယ်ပါ။ အရည်အသွေးနိမ့်တဲ့တချို့ဘောင်းဘီအဖြူတွေက ပါးတာမလို့ ဝတ်ထားတဲ့အတွင်းခံအရောင်ပေါ်တာ ၊ ပူတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

ဘောင်းဘီအဖြူကို စတိုင်လ်ကျစေဖို့က ကြားနေအရောင်တွေနဲ့ တွဲဝတ်တာက အကောင်းဆုံးပါပဲ။ အနက်ရောင်၊ အဝါနုရောင် ၊ မီးခိုးရောင် စတာတွေက ဘောင်းဘီအဖြူနဲ့အလိုက်ဖက်ဆုံးပါ။

ဘောင်းဘီအဖြူက အရောင်အားလုံးနဲ့လိုက်တာမလို့ အာရုံစိုက်မှုကိုရစေတဲ့ Crazy Colour တွေနဲ့ တွဲဝတ်ချင်လည်း ဝတ်လို့ရပါသေးတယ်။

အရောင်နဲ့မဟုတ်ဘဲ ဒီလို အစင်းကြား ၊ အပွင့်အခက်တွေနဲ့ တွဲဝတ်ရင်လည်း ဘောင်းဘီအဖြူက လိုက်ဖက်ညီပြီး သဟဇာတဖြစ်ပါသေးတယ်။

ဘောင်းဘီအဖြူနဲ့တွဲဝတ်ဖို့ ဖိနပ်ရွေးတဲ့အခါ Heels သို့ Flats ကြိုက်တာနဲ့တွဲဝတ်လို့ရပြီး အရောင်ကတော့ Nude or သဘာဝဆန်တဲ့ အရောင်နုလေးတွေကို ရွေးပါ။

နောက်ဆုံးအချက်က Accessories ပါ။ ဘောင်းဘီအဖြူဝတ်တဲ့အခါ Accessories ကို အများကြီးမသုံးဘဲ ရိုးရိုးရှင်းရှင်း ဆွဲကြိုး ဒါမှမဟုတ် နားကပ်လေးဘဲ ဝတ်တာက အလိုက်ဖက်ဆုံးပါပဲ။