အဝတ်အစားဟာ သင့်ပုံစံကို ပြောင်းလဲဖို့ အထိ‌ရောက်ဆုံး အထောက်အပံ့ပါ။ မှန်ကန်တဲ့ ဖက်ရှင်ဟာ ဝနေသူကို ပိန်သယောင် ၊ ပိန်နေသူကို ကြည့်ကောင်းအောင် ပြုပြင်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ခပ်ပိန်ပိန်အမျိုးအစားထဲက ဆိုရင် သင့်ဖက်ရှင်နဲ့ အမြင်အာရုံကို လှည့်စားပြီး ပုံမှန်ကိုယ်လုံးကိုယ်ပေါက်လိုမျိုး ဖြစ်အောင် ဆင်လို့ ရပါတယ်။အခုပြောမယ့် နည်းတွေက သင့်ကို အကူအညီပေးနိုင်ပါတယ်။

(၁) အကပ်ကြီးတွေ မဝတ်နဲ့

Photo: Ashley Weston

သင့်ခန္ဓာကိုယ်က ပိန်သွယ်နေရင် Slim ဖြစ်တာတွေ ရှောင်ပါ။ ကိုယ်လုံးနဲ့ ကပ်လွန်းတဲ့ အဝတ်အစားတွေဟာ သင့်ကို ပိုပြီး ပိန်သွားတယ် ထင်စေရလို့ ဖြစ်ပါတယ်။ ဒီလို ပြောလို့ ဆိုဒ်အကြီးတွေ ဝတ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဝတ်အစားကို အရမ်းမကြပ် / မကပ်ဘဲ Fit ဖြစ်တာထက် မဆိုစလောက်လေး ကြီးတာမျိုး ဝတ်သင့်တယ်လို့ ဆိုလိုတာပါ။

(၂) အပေါ်ထပ်အင်္ကျီ ဝတ်ပါ

Photo: We Heart It

သင့်ကိုယ်လုံးကို ပိုတောင့်တင်းတယ်လို့ ထင်စေအောင် ဝတ်ရမှာပါ။ ပိန်တဲ့ လူတစ်ယောက်ဟာ ဂျက်ကတ် ၊ Sports Coat နဲ့ Blazer တို့ ဝတ်သင့်ပါတယ်။ Suit တွေကလည်း လူ့ရဲ့ ပုခုံးနဲ့ ကိုယ်လုံးကို ဖွံ့စေအောင် ချုပ်လုပ်ထားတာ ဖြစ်လို့ ပိန်သူတွေ ဝတ်သင့်တဲ့ အထဲမှာ ပါပါတယ်။ တစ်ခု သတိထားရမှာက ဆိုဒ်အကြီးတွေ ရှောင်ပြီး ကိုယ်နဲ့ ကွက်တိဖြစ်တာမျိုး ဝတ်ဖို့ပါ။

(၃) အပေါ်အောက် အချိုးညီပါစေ

Photo: DMarge

အပေါ်မှာ အနွေးထည်ပွပွကြီး နဲ့ အောက်မှာ Skinny Jeans ဝတ်တာမျိုးက ဖက်ရှင်ကို ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတာက အပေါ်မှာ ဝတ်တဲ့ အဝတ်အစားနဲ့ အောက်က ဘောင်းဘီ ၊ ဖိနပ်တို့ဟာ အချိုးအစားကျတဲ့ Balanced Look ဖြစ်နေဖို့ လိုပါတယ်။ ဒါဆိုရင် သင့်ကိုယ်လုံး ကိုယ်ပေါက်ကလည်း ကြည့်ရတာ အဆင်ပြေသွားပါလိမ့်မယ်။

(၄) ကန့်လန့်စင်းတွေ ဝတ်ပါ

Photo: Kingssleeve

အစင်းစင်းတွေ မကြိုက်ရင်တောင် သင်က ပိန်ရင် ဝတ်သင့်ပါတယ်။ ကန့်လန့်စင်း T-Shirt တစ်ထည်ဟာ သင့်ရင်အုံနဲ့ ပုခုံးပြင် ပိုကျယ်လာအောင် ကူညီပေးနိုင်ပါတယ်။ အစင်းကြောင်းနဲ့ pattern တွေက သေးလေလေ သင့်ကိုယ်လုံးကို ပိုကြီးသယောင် ပုံဖော်ပေးနိုင်ပါတယ်။ တကယ်လို့ တီရှပ်စင်း မဝတ်ဖြစ်ရင် V-Shape တီရှပ်တွေ ရွေးဝတ်နိုင်ပါတယ်။