နွေရာသီဆိုရင် ရာသီဥတုအရမ်းပူတဲ့အတွက် အဝတ်အစားကို သေချာရွေးဝတ်မှပဲ ပူအိုက်တာသက်သာပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။ အဝတ်အစားက သက်တောင့်သက်သာမရှိတဲ့အခါ ပိုပူအိုက်ပြီး စိတ်ရှုပ်တတ်ပါတယ်။ နွေရာသီမှာဆိုရင်တော့ အင်္ကျီပွပွလေးတွေ၊ ချည်သားလေးတွေဝတ်တာ အကောင်းဆုံးပဲပေါ့။ ဘောင်းဘီဆိုလည်း ကြပ်တာတွေက ပွပွလေးတွေဝတ်တာ ပိုကောင်းပါတယ်။ ဒါကြောင့် နွေရာသီမှာ ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့် Style Pant အတိုဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။
ဒီဖက်ရှင်လေးကတော့ နွေရာသီအတွက် အရမ်းကိုပေါ့ပါးမှုရှိပြီး ပူအိုက်တာ သက်သာစေမယ့် ဖက်ရှင်လေးပါ။ အင်္ကျီအဖြူလက်ရှည်လေးဖြစ်လို့ နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးပြီးသားဖြစ်တာပေါ့။ အဖြူဝမ်းဆက်လေးမို့ လှလည်းလှပါတယ်။
အရောင်ကအစ နွေရာသီနဲ့လိုက်ဖက်တဲ့ အရောင်လေးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။
Style Pant လေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့လည်း တွဲဝတ်လို့ရသေးတယ်နော်။ ပူအိုက်တာသက်သာပြီး ချစ်ဖို့ကောင်းနေပါလိမ့်မယ်။
ဒီ Style Pant ဖက်ရှင်လေးဆိုလည်း နွေရာသီအတွက် ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းပါတယ်။
နောက်ထပ်ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါ။ အမဲရောင်ကြိုက်တယ်ဆိုရင်လည်း နွေရာသီမှာတော့ ဒီလိုလက်ပြတ် ချည်သားလေးတွေပဲဝတ်ပါ။
Style Pant လေးတွေကို Crop Top T shirt လေးတွေနဲ့ တွဲဝတ်တာက အရမ်းကိုပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းပါတယ်။ နွေရာသီအတွက်လည်း အလိုက်ဖက်ဆုံးပါပဲ။ ထသွားထလာ ပေါ့ပေါ့ပါးပါးလေးဝတ်လို့ရတာပေါ့။
Oversized Tee တွေကိုလည်း Style Pant လေးနဲ့ တွဲဝတ်လို့ရပါသေးတယ်။ ထသွားထလာ ပေါ့ပေါ့ပါးဖြစ်စေတဲ့ ဖက်ရှင်မျိုးပါပဲ။
ဒီလိုအဖြူရောင်အင်္ကျီလေးတွေက ဝတ်ရတာ အရမ်းပေါ့ပါးမှုရှိစေပါတယ်။ ဒါကြောင့် Style Pant လေးနဲ့တွဲဝတ်ပြီး ခါးပတ်လေးပတ်လိုက်ရင် ဖက်ရှင်ကျပြီး ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။
Style Pant ကို ဒီလိုကော်လံနဲ့ Shirt အင်္ကျီလေးတွေနဲ့လည်း တွဲဝတ်ရင် လှပါတယ်။
လက်ပြတ်အင်္ကျီအပွလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်တော့ Style Pant ကို အဖြူလေးတွေပဲဝတ်တာ ပိုလှပါတယ်။
Style Pant ကို ဒီလို Tank Top လေးတွေ၊ ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်တာကတော့ ဘယ်တော့မှရိုးမသွားစေပါဘူး။ နွေရာသီအတွက်လည်း အရမ်းအဆင်ပြေပါတယ်။
ဒီလိုအင်္ကျီလေးတွေနဲ့ Style Pant နဲ့တွဲဝတ်တာမျိုးက လှပပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါကြောင့်လည်း နွေရာသီအတွက် အဆင်ပြေတာပေါ့။
 
											
				 
									











 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				