အတိုဝတ်ရတာ ကြိုက်တဲ့သူတွေအတွက် စတိုင်လ်ကျပြီး မိုက်နေစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်စားနေတဲ့ ဖက်ရှင်စတိုင်လ်လေးတွေလည်း ပါသလို၊ သူများနဲ့မတူတဲ့ ဖက်ရှင်စတိုင်လ်လေးတွေလည်း ပါတာကြောင့် အတိုဝတ်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ အများကြီး အသုံးဝင်မှာပါ။

စကပ်အတိုလေးကို hoodie အပွအရှည်ကြီးတွေနဲ့မဝတ်ပဲ ဒီလိုအတိုလေးတွေနဲ့ ဝတ်ကြည့်ပါ။ Cross body bag တွေကိုင်ရင် cute type ဘက်သွားတာကြောင့် စတိုင်လ်ကျပြီး မိုက်တာမျိုး လိုချင်ရင်တော့ shoulder bag လေးတွေကိုင်ပါ။

ဒီလိုအင်္ကျီအကားလေးတွေဆိုရင် လုံးဝကို cute type မျိုးပါ။ အဲ့တာကို သူများနဲ့မတူပဲ စတိုင်လ်ကျနေအောင် အောက်က ဂျင်းဘောင်းဘီအတို အပွနဲ့တွဲဝတ်ပြီး boots အမဲလေးစီးလိုက်ပါ။ ပိုက်ဆံအိတ်ကိုလည်း ခုနကလိုပဲ shoulder bag လေးကိုင်ပါ။

ဒီဖက်ရှင်စတိုင်လ်မှာဆိုရင် ဘောင်းဘီနဲ့ boots အမဲက အသက်ပါပဲ။ လုံးဝကို စတိုင်လ်ကျပြီး မိုက်နေတာပါ။

ရိုးရိုးအင်္ကျီအဖြူလေးဆိုပေမယ့် ဒီလိုလေးဝတ်လိုက်တော့ စတိုင်လ်ကျပြီး မိုက်သွားစေပါတယ်။ Boots အမဲကြောင့် ပိုပြီးမိုက်သွားစေတာပါ။

Biker short လေးတွေ ဝတ်မယ်ဆိုရင် hoodie အပွကြီးနဲ့ တွဲဝတ်ပြီး sneakers လေးတွေစီးပါ။ Freestyle ပုံလေးနဲ့ မိုက်နေစေပါတယ်။

စကပ်အတိုလေးတွေကို ဒီလိုကုတ်လေးတွေနဲ့ တွဲဝတ်တာလည်း စတိုင်လ်ကျပြီးမိုက်တဲ့ ဖက်ရှင်လေးပါပဲ။

စကပ်အမဲ (သို့) တင်းနစ်စကပ်အမဲကို ရှပ်အင်္ကျီအပွနဲ့ ဒီလိုတွဲဝတ်ပြီး boots အမဲစီးလိုက်မယ်ဆိုရင်တော့ အထာကျပြီး မိုက်နေမှာပါ။

ဂါဝန်တိုအကားလေးတွေဝတ်ရင် လုံးဝကို cute type ပါပဲ။ ဒါပေမယ့် စတိုင်လ်ကျပြီးမိုက်တဲ့ look မျိုး လိုချင်ရင်တော့ boots အမဲသာစီးလိုက်ပါ။

Cardigan တွေကို simple ဖြစ်တဲ့ ဖက်ရှင်မျိုးပဲ ဝတ်လို့ရတာ မဟုတ်ပါဘူး။ စတိုင်လ်ကျပြီး မိုက်အောင် ဒီလိုလေးလည်း ဝတ်လို့ရပါတယ်။

Party တွေသွားစရာရှိရင် ဒါမျိုးလေးဝတ်တာက အရမ်းမိုက်ပါတယ်။ ဆွဲဆောင်မှုရှိပြီး မိုက်နေမယ့် ဖက်ရှင်မျိုးပါ။

Photo source:www.pinterest.com