Cute type မကြိုက်တဲ့ ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ အထာကျကျနဲ့မိုက်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံအမြဲရိုက်နေကျသူတွေအတွက်တော့ အရမ်းကိုအသုံးဝင်မယ့် ပို့စ်လေးတွေဖြစ်မှာပါ။

ဒီပို့စ်လေးဆိုရင် မျက်နှာကိုမပြုံးမရယ်ပဲ ခပ်တည်တည်နဲ့နေပြီးရိုက်ရင် မိုက်ပါတယ်။

ဒီပို့စ်လည်းတူတူပါပဲ။ ဘယ်လောက်ပဲ girly ဆန်ဆန်ဝတ်ထားပါစေ မျက်နှာထားကို အချေပုံစံလေးလုပ်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မိုက်ပါတယ်။

ထိုင်ရိုက်တဲ့အခါမှာ ဒီလိုလေးထိုင်ရိုက်တာက အထာကျပြီးမိုက်သလို ဖက်ရှင်လည်း ပေါ်လွင်စေပါတယ်။

လှေကားမှာထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးက လုံးဝ cute မဖြစ်ပဲ အထာကျပြီးမိုက်ပါတယ်။

ဦးထုပ်ဆောင်းထားတယ်ဆိုရင် ဒီလိုပို့စ်မျိုး ရိုက်ဖြစ်အောင်ရိုက်ပါ။ အထာကျတဲ့ပုံစံလေးနဲ့ အရမ်းမိုက်ပါတယ်။

Body fit dress လေးတွေဝတ်ပြီး ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီး မျက်နှာထားတည်တည်နဲ့ ကင်မရာကိုကြည့်ပြီး ပို့စ်ပေးပါ။ ဆွဲဆောင်မှုရှိပြီး မိုက်ပါတယ်။

ကားပေါ်မှာရိုက်မယ်ဆိုရင် ဒီပို့စ်လေးက အသုံးဝင်ပါတယ်။ အထာကျတဲ့ပုံစံလေး ဖြစ်စေမှာပါ။

လှေကားက နေရာကျယ်ရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အထာကျပြီးမိုက်ပါတယ်။

ကားပေါ်မှာဒီလိုလေးရိုက်တာလည်း မိုက်ပါတယ်။ သူများထက်ဆန်းချင်ရင် ဒီလိုလေးရိုက်ကြည့်ပါ။

ကားရှေ့မှာရိုက်မယ်ဆိုရင် ဦးထုပ်ပါရင် ပိုမိုက်ပါတယ်။ ဦးထုပ်ကိုကိုင်ပြီး ခြေထောက်ကိုလည်း ပုံထဲကအတိုင်းလေးလုပ်ပြီး ပို့စ်ပေးကြည့်ပါ။ မိုက်လည်းမိုက်၊ အထာလည်းကျတဲ့ look မျိုး ရစေပါတယ်။

Photo source:www.pinterest.com