အထာကျကျ Fashion ကျကျ ဝတ်စားရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အထာကျပြီးမိုက်နေစေမယ့် Jeans Fashion Outfit တွေကို မျှဝေပေးလိုက်ပါတယ်။ Jeans ဆိုတာက ဘယ်တော့မှရိုးမသွားတဲ့ Fashion ပါ။ ကိုယ်ဝတ်တတ်ရင် ဝတ်တတ်သလို မိုက်သွားစေတာမျိုးပါ။

ဒီ Jean အင်္ကျီဆိုရင် ဒီတိုင်းဝတ်မယ်ဆို ရိုးရိုးကြီးနဲ့ လှမှာမဟုတ်ပါဘူး။ အဲ့တာကို ဘောင်းဘီတိုနဲ့ ဒီလိုလေးတွဲဝတ်ပြီး Boots အမဲစီးလိုက်တော့ လုံးဝကို မိမိုက်သွားတာပါပဲ။

အခုနောက်ပိုင်းမှာ ဒီလို Jean Skirt လေးတွေကလည်း ပြန်ပြီးခေတ်စားလာပါတယ်။ Boots လေးတွေစီးရင် ပိုမိုက်မယ့် Fashion Outfit မျိုးပါ။

Jean Skirt က ချစ်ဖို့ကောင်းအောင် ဝတ်လို့ရသလို၊ ဆွဲဆောင်မှုရှိအောင်လည်း ဝတ်လို့ရတယ်။ ဒီလိုအထာကျကျနဲ့ မိုက်နေအောင်လည်း ဝတ်လို့ရပါတယ်။

Jean Pant တွေကို Fashion ကျကျဝတ်ချင်ရင် ဒီလိုလေးလည်း ဝတ်လို့ရပါသေးတယ်။

ဒါကတော့ အခုနောက်ပိုင်းမှာ အရမ်း Trends ဖြစ်နေတဲ့ Jean Skirt လေးပါ။ ဒီလိုအင်္ကျီအဖြူလေးနဲ့ တွဲဝတ်လိုက်တော့ သူများနဲ့မတူပဲ ပိုပြီး Fashion ကျသွားစေပါတယ်။

ဒီ Jean Skirt အရှည်တွေဆိုလည်း အခုနောက်ပိုင်းမှာ ပြန်ခေတ်စားလာပါတယ်။ Fashion ကျပြီး မိုက်နေစေမယ့် Outfit မျိုးပါပဲ။

Jean တွေကြိုက်ရင် ဒီလို နှစ်ရောင်စပ်ထားတဲ့ Jean Pant မျိုးတွေ့တဲ့အခါ ဝယ်ဖြစ်အောင်ဝယ်ပါ။ ရိုးရိုး Crop Top လေးနဲ့ တွဲဝတ်ရင်တောင် မိုက်နေစေပါတယ်။

ဒီ Jean Outfit လေးဆိုလည်း ဖိနပ်ကို Boots အမဲလေးသာစီးလိုက်ရင် ပိုမိုက်ပြီး လှပနေမှာ သေချာပါတယ်။

ဒီလိုမျိုး Jean Outfit လေးဆိုရင် သိပ်မဝတ်ကြပေမယ့် တကယ်ဝတ်လိုက်ရင် Fashion ကျပြီး မိုက်သွားစေတယ်။ ဒါ့အပြင် လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

Photo source:ww.pinterest.com