အဝတ်အစားဝတ်တဲ့အခါမှာ တချို့မိန်းကလေးတွေက သူများနဲ့မတူတဲ့ဖက်ရှင်တွေနဲ့ အထာကျကျဝတ်ဆင်ရတာကို သဘောကျကြတာပါ။ အရမ်းချစ်စရာကောင်းတဲ့ဖက်ရှင်တွေနဲ့ လှပနေတဲ့ဖက်ရှင်မျိုးကို မနှစ်သက်ကြပါဘူး။ ဒါကြောင့် အထာကျကျနဲ့မိုက်နေစေဖို့ ရွေးချယ်ဝတ်ဆင်သင့်တဲ့ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ဒီလိုဘောင်းဘီအစင်းလေးတွေ ခေတ်စားလာတာကို တွေ့ရပါတယ်။ ဒီဘောင်းဘီလေးတွေက ဝတ်လိုက်ရင် အရမ်းမိုက်ပါတယ်။ သူ့ကို Crop Top အပွတွေနဲ့တွဲဝတ်ပြီး ဂျင်းအင်္ကျီလေးသာထပ်ဝတ်လိုက်ရင် အရမ်းအထာကျနေမှာပါ။

Hoodie Crop Top အပွလေးတွေကိုလည်း ဂျင်းဘောင်းဘီအပြဲလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဘောင်းဘီကို အကျပ်ဝတ်တာထက် နည်းနည်းပွတာလေးတွေကိုဝတ်တာက ပိုပြီးဖက်ရှင်ကျစေပါတယ်။

ကြိုးတစ်လုံးအင်္ကျီအတိုလေးတွေကိုလည်း အခုနောက်ပိုင်းမှာ ကောင်မလေးတော်တော်များများ ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ ဒီအင်္ကျီလေးတွေကို ဘောင်းဘီတိုတွေနဲ့ဝတ်မယ့်အစား ဂျင်းဘောင်းဘီရှည်အပွတွေနဲ့ ဂျင်းအပြဲတွေနဲ့တွဲဝတ်တာက ပိုမိုက်ပါတယ်။

မိန်းကလေးဆန်တဲ့ ဂါဝန်အကျပ်လေးတွေကိုဝတ်မယ်ဆိုရင်တောင် မလှပဲ အထာကျကျနဲ့မိုက်နေချင်ရင် အပေါ်ကနေ Bomber Jacket (သို့) Jacket လေးတွေ ထပ်ဝတ်လိုက်ပါ။

Crop Top Hoodie လေးတွေကို Skinny ဘောင်းဘီအကျပ်လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း အတိုအပြတ်တွေထက် ဒီလိုဖက်ရှင်တွေက ပိုမိုက်နေစေပါတယ်။

ဂျင်းစကပ်အတိုလေးတွေကိုဝတ်တဲ့အခါမှာလည်း မိန်းကလေးသိပ်မဆန်ချင်ရင် Hoodie လေးတွေ၊ ခေါင်းစွပ်အင်္ကျီအပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Skinny ဘောင်းဘီအကျပ်လေးတွေကို ရင်ပြတ်အင်္ကျီလေးတွေ (သို့) ကြိုးတစ်လုံးအင်္ကျီလေးတွေနဲ့ တွဲဝတ်ပြီး အပေါ်ကနေ Bomber Jacket လေးတွေသာ ထပ်ဝတ်လိုက်ပါ။

Crop Top အင်္ကျီအပွလေးတွေကို ဂျင်းဘောင်းဘီအပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး အပေါ်ကနေ ဆွယ်တာအရှည်လေးတွေထပ်ဝတ်တာကလည်း ဖက်ရှင်ကျစေပါတယ်။ မိုးရာသီ၊ ဆောင်းရာသီနဲ့လည်း လိုက်ဖက်ပါတယ်။

Leather ဘောင်းဘီအကျပ်လေးတွေကိုဝတ်တဲ့ခါမှာလည်း ဆွယ်တာအင်္ကျီအရှည်လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေဂျင်းကုတ်လေး ထပ်ဝတ်လိုက်ရင် သူများထက်ပိုမိုက်ပြီး ဖက်ရှင်ကျစေပါတယ်။

Photo Source: www.rubilove.com