တက်တူးထိုးချင်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အမြင်ဆန်းစေမယ့် ဖဲပြားတက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဖဲပြားဒီဇိုင်းထက်စာရင် လိပ်ပြာပုံလေးတွေပဲ ထိုးကြတာများတယ်ဆိုတော့ သူများနဲ့မတူချင်ရင် ဖဲပြားပုံလေး ထိုးကြည့်နော်။
တင်ပါးအောက်နားမှာ ဖဲပြားဆင်တူနှစ်ဖက်ထိုးတာက အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ တက်တူးဒီဇိုင်းလေးပါ။
ရင်ဘတ်အလယ်မှာ ဖဲပြားပုံလေးတွေ ပုံဖော်တာလည်း ခေတ်စားလာတဲ့ပုံစံလေးပါပဲ။ ချစ်ဖို့ကောင်းပါတယ်။
ဂုတ်မှာဆိုရင်တော့ ဖဲပြားကို ကြိုးအရှည်ဒီဇိုင်းလေး ပုံဖော်ကြည့်နော်။
ပေါင်မှာ stocking ဝတ်ထားသလိုပုံစံလေးအတိုင်း ပုံဖော်ကြတာကလည်း အရမ်းခေတ်စားလာပါတယ်။ ဒီဖဲပြားတက်တူးဒီဇိုင်းလေးဆိုရင် ပေါင်ပတ်ပတ်လည်ထိုးထားပြီး စည်းထားသလိုလေးဖြစ်ပြီး အရမ်းလှပါတယ်။
လက်မောင်းမှာပုံဖော်မယ်ဆိုရင်လည်း ဖဲပြားကို ကြိုးရှည်ပုံစံလေးပဲ ပုံဖော်ကြည့်ပါ။ ပိုလှပါတယ်။
ခြေထောက်မှာ ဖဲပြားပုံကို ကြိုးအရှည်နဲ့ ပန်းရောင်လေးပုံဖော်ထားတာကတော့ အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။
သေးသေးလေးပဲပုံဖော်ချင်တာဆိုရင် ဖဲပြားပုံကို ကြိုးချည်ထားသလို လက်ချောင်းလေးတွေမှာ ပုံဖော်ကြည့်နော်။
လက်စွပ်ဒီဇိုင်းလေး ဖဲပြားပုံကို လက်ချောင်းမှာ ဒီလိုလေးပုံဖော်တာကလည်း ချစ်ဖို့ကောင်းတယ်နော်။ သေးသေးလေးတွေပုံဖော်ချင်ရင် ဒီလိုဒီဇိုင်းလေးတွေ ပုံဖော်ကြည့်ပါ။
ဖဲပြားကြိုးရှည်ကိုမှ မဲနက်နေအောင် ပုံဖော်ထားတာဖြစ်လို့ cute & sexy look လေး ဖြစ်စေပါတယ်။
လုံးဝကို cute ဖြစ်ပြီး ချစ်ဖို့ကောင်းတာလေး ကာလာလေးတွေနဲ့ ထိုးချင်တယ်ဆိုရင် ဖဲပြားတက်တူးကို ဒီလိုဒီဇိုင်းလေး ထိုးကြည့်နော်။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။
အသဲပုံ shape လေးနဲ့ ဖဲပြားတက်တူးဒီဇိုင်းလေးကို ပန်းရောင်ကာလာလေးနဲ့ ထိုးထားတာဖြစ်လို့ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်မယ့် ဒီဇိုင်းလေးပါပဲ။
Photo source:www.pinterest.com