နာမည်ကျော် ဂျပန်ဖက်ရှင်ကုမ္မဏီတစ်ခုဖြစ်တဲ့ Kuraudia ကနေပြီးတော့ သတို့သမီးလေးတွေ သည်းသည်းလှုပ် ကြိုက်ကြမယ့် စွဲမက်ဖွယ် ဒစ်စနေး သတို့သမီးဝတ်စုံတွေကို တဖန်ထုတ်လုပ်လိုက်ပြန်ပါပြီ။

ပရိတ်သတ်တွေ ရင်းနှီးပြီးသား ဒစ်စနေး မင်းသမီးလေးတွေဖြစ်ကြတဲ့ စင်ဒရဲလား၊ အော်ရိုရာ၊ အေရီယယ်၊ ရပန်ဇယ်လ်၊ ဘဲလ်၊ စနိုးဝှိုက် တို့ကို ရွေးထုတ်ပြီးတော့မှ ဘယ်လိုမျိုး ချစ်စရာကောင်းတဲ့ သတို့သမီးဝတ်စုံလေးတွေကို ဖန်တီးချုပ်လုပ်ခဲ့သလဲဆိုတာကို အခုပဲ အတူတူကြည့်လိုက်ကြမယ်နော်။

အခုပြပေးမယ့် သတို့သမီးဝတ်စုံလေးတွေက အဖြူရောင်ကြိုက်တဲ့ သတို့သမီးလေးတွေအတွက်တော့ နည်းနည်းတမျိုးဖြစ်နိုင်ပေမယ့်လည်း Pre-wedding ဓာတ်ပုံရိုက်ကြမယ့်သူတွေအတွက်တော့ အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။

Image Source: thisfairytalelife