အချို့လူတွေအနေနဲ့ တက်တူးထိုးတဲ့သူတွေရဲ့ဖက်ရှင်က အခြားသူများနဲ့ မတူတဲ့အတွက်ကြောင့် ကိုယ်ပိုင်စတိုင်လ်တစ်ခုကို ဖန်တီးတဲ့အနေဖြင့် တက်တူးရေးထိုးခြင်းဖြစ်ပြီး အချို့ကလည်း ကိုယ့်ရဲ့ရဲစွမ်းသတ္တိကို ဖော်ပြချင်တဲ့အခါ တက်တူးကို ရေးထိုးလေ့ရှိကြပါတယ်။

ဘယ်လိုအကြောင်းပြချက်နဲ့ ရေးထိုးနေပါစေ ကိုယ် ရေးထိုးထားတဲ့တက်တူးက ကိုယ့်အတွက် အဓိပ္ပာယ်အများကြီးပြည့်ဝနေတဲ့ တက်တူးတစ်ခုဖြစ်ဖို့လိုအပ်ပါတယ်။

အချို့တက်တူးချစ်သူများကတော့ အမှတ်တရရက်စွဲများ၊ ကိုယ် ချစ်မြတ်နိုးရသူရဲ့နာမည်အစ စာလုံးများ စသည်တို့ကို ရေးထိုးလေ့ရှိကြပါတယ်။

တက်တူးထိုးရခြင်းရဲ့ အကြောင်းပြချက်များစွာအနက် ထူးဆန်းတဲ့အကြောင်းပြချက်တစ်ခုရှိပါတယ်။ ထိုအကြောင်းပြချက်ကတော့ ကံကောင်းချင်လို့ပါတဲ့။

ဟုတ်ပါတယ်။ အချို့သူတွေက ကံကောင်းချင်လို့ တက်တူးထိုးကြတာပါ။ နည်းလမ်းကတော့ လွယ်လွယ်လေးပါပဲ။ ကိုယ် ရေးထိုးမယ့်တက်တူးကို ကံကောင်းခြင်းကို ဆောင်ကျဉ်းပေးမယ့် ကံကောင်းခြင်းသင်္ကေတများ ထည့်ထိုးပေးလိုက်ရုံပါပဲ။

အခုဖော်ပြပေးမယ့် ဒီဇိုင်းလေးတွေကတော့ ကံကောင်းချင်တဲ့သူတွေ ရေးထိုးလေ့ရှိတဲ့ ကံကောင်းခြင်းတက်တူးများပဲဖြစ်ပါတယ်။

Dreamcatcher Tattoo

Felix Felicis Tattoo Design

Lavender Tattoo

Wishbone Tattoo

Honey Bee Tattoo Design

Butterfly Tattoo Design

Four-Leaf Clover Tattoo Design

Sword and Crown Tattoo Design

Rainbow Tattoo

Deer Tattoo Design

Evil Eye Tattoo

Daisy Tattoo Design

Cherry blossoms Tattoo Design

Wings Tattoo Design

Image Source: Pinterest