ဝိတ်ချချင်တဲ့သူတော်တော်များများကိုမေးလိုက်ရင် အများစုအဓိကကျချင်တာက ဗိုက်အဆီပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး အသည်း၊ ကျောက်ကပ်နဲ့ နှလုံးကို ပြဿနာတွေ ဖြစ်စေနိုင်တဲ့ ဒီဗိုက်အဆီနဲ့ ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူဖြစ်စေတဲ့ မနက်စာတချို့ကို ပြင်ဆင်ပေးထားပါတယ်။

ဆရာဝန်တွေက ဗာဒံစေ့၊ Pistachios ၊ သစ်ကြားသီး ဒါမှမဟုတ် Pecans တို့လို အခွံမာသီး ၁/၄ ခွက်နဲ့ တစ်နေ့တာကို စဖို့ အကြံပြုထားပါတယ်။

မနက်ခင်း ဘာမှမစားရသေးခင် ဖရုံစေ့ ၁/၄ ခွက် ဒါမှမဟုတ် နေကြာစေ့ကိုစားပေးပါ။ ဒါက သင့်ကို ခွန်အားဖြစ်စေပြီး ခန္ဓာကိုယ်ထဲမှာ အဆီတွေ တိုးလာမှာ မဟုတ်ပါဘူး။

စိမ်ထားတဲ့ ဗာဒံစေ့ ၁၀ စေ့ ဒါမှမဟုတ် ၂ ဇွန်းစာလောက်ကို ကိုယ်ကြိုက်တဲ့အသီးအနှံတစ်ခုခုနဲ့ ရောပြီး စားပေးပါ။

မနက်ပိုင်းမှာ ကြက်ဥပြုတ်နဲ့ ပေါင်မုန့်ကြမ်း (သို့) မုန့်ဖုတ်ဘီစကွတ်ငါးခု စားပေးပါ။

မနက်ခင်းကို သောက်တာနဲ့ စချင်တယ်ဆိုရင်တော့ အချိုမပါတဲ့ ဗာဒံနို့နဲ့ ပရိုတင်း shake တစ်ခွက်ကို ရောစပ်ပြီး သောက်ပေးပါ။

ငှက်ပျောသီး ၊ ပဲနို့ ၊ Chia စေိတို့ကိုရောပြီး သောက်ပေးပါ။