ကိုယ့်ချစ်သူပြောင်းလဲလာပြီဆိုရင် ကိုယ်တိုင်ပဲ အရင်ဆုံးခံစားမိတာပါပဲ။ ဒါကြောင့် ကိုယ့်ချစ်သူက မူမမှန်တော့ဘူးလို့ ခံစားမိရင် သံသယဝင်ကြတာ၊ ပြဿနာစတက်ကြတော့တာပေါ့။ တကယ်လို့ ကိုယ့်ချစ်သူက တခြားမိန်းကလေးတစ်ယောက်အပေါ်မှာ ခံစားချက်ရှိနေပြီဆိုရင် ဒီအချက်တွေနဲ့တင် သိသာစေပါတယ်။

ရုတ်တရက်သင့်အတွက်အချိန်မပေးနိုင်တော့ခြင်း

ရုတ်တရက် သင့်အတွက် အချိန်မပေးနိုင်တော့တာမျိုး၊ တကယ်အချိန်မရှိလို့ မအားလို့မဟုတ်ပဲ သင့်အတွက်မို့လို့ကို အချိန်မပေးချင်လို့ မအားအောင်နေတာမျိုးတွေ ဖြစ်လာခဲ့ရင် သင်နဲ့မတွေ့ချင်လို့၊ သင့်ကို မချစ်တော့လို့ပါ။

သင့်ကိုအရင်ကိုဘာမှဖွင့်မပြောတော့ခြင်း

အရင်ကတော့ တစ်ခုခုဆို ဖွင့်ပြောတာ၊ ရင်ဖွင့်တာ၊ ပြောပြတာတွေ ရှိလာပေမယ့် အခုအချိန်မှာတော့ သင့်ကိုပြောတာတွေလည်း မရှိတော့တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တချို့ကျတော့ တခြားမိန်းကလေးတစ်ယောက် ရှိလာတဲ့အခါ လက်ရှိချစ်သူကို သူဖြစ်တာတွေ မပြောပြတော့ပဲ နောက်လူကိုပဲပြောပြပြီး နောက်လူကိုပဲ အချိန်ပေးတာတွေ ဖြစ်လာပါတယ်။

သင်နဲ့ပတ်သက်ပြီးဘာမှစိတ်မဝင်စားတော့ခြင်း

ကိုယ့်အပေါ်မှာ စိတ်ဝင်စားတာမျိုးမဟုတ်တော့ပဲ တခြားသူအပေါ်မှာ ခံစားချက်ရှိလာတဲ့အခါ ကိုယ်နဲ့ပတ်သက်ပြီး ဘာမှစိတ်မဝင်စားတော့ပါဘူး။ သူစိတ်ဝင်စားတာက တခြားတစ်ယောက်ရဲ့အကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။

သင့်ကိုရှောင်ဖယ်လာခြင်း

တခြားမိန်းကလေးတစ်ယောက်အပေါ်မှာ ခံစားချက်ရှိလာတဲ့အခါ အဲ့လူတစ်ယောက်ထဲကိုပဲ မြင်တဲ့အတွက် သင့်ကိုလည်း ရှောင်ဖယ်လာပါလိမ့်မယ်။ ကိုယ်ကချိန်းရင်တောင်မှ မတွေ့ချင်လို့၊ စကားမပြောချင်လို့ ရှောင်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

တခြားယောင်္ကျားတစ်ယောက်နဲ့သဝန်တာတွေမရှိတော့ခြင်း

သူစိတ်ဝင်စားတာက တခြားမိန်းကလေးဖြစ်သွားတဲ့အတွက် သဝန်တိုစိတ်ကလည်း အဲ့မိန်းကလေးအပေါ်မှာပဲ ရှိတော့မှာပါ။ ဒါကြောင့် သင် တခြားယောင်္ကျားတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်လည်း သူ့အနေနဲ့ သဝန်တိုတာတွေ ရှိလာတော့မှာ မဟုတ်ပါဘူး။

တခြားမိန်းကလေးတွေနဲ့နှိုင်းယှဉ်ပြောလာခြင်း

ပြတ်ချင်တဲ့အခါ၊ မချစ်တော့တဲ့အခါ အပြစ်မရှိအပြစ်ရှာတာမျိုး၊ တခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်ပြောတာမျိုးတွေ လုပ်တတ်ကြပါသေးတယ်။ တစ်ခါတစ်လေမဟုတ်ပဲ နောက်ပိုင်းမှာ ခဏခဏ ဒီလိုတွေ နှိုင်းယှဉ်ပြောနေတယ်ဆိုရင် သတိထားသင့်ပါပြီ။

ဖုန်းသုံးပြီးအမြဲမအားဖြစ်နေခြင်း

တခြားတစ်ယောက်ကို ကြူနေတာမျိုးတွေ တခြားတစ်ယောက်အပေါ် စိတ်ခံစားချက်ရှိတာမျိုးတွေ ဖြစ်တဲ့အတွက် ဖုန်းအမြဲသုံးနေပြီး သင့်အတွက်တော့မအားဘူး၊ သင်နဲ့လည်း စကားမပြောဘူး ဒါပေမယ့် ဖုန်းမအားဘူး ဖြစ်နေတယ်၊ အမြဲဖုန်းတစ်လုံးနဲ့ပဲ အလုပ်ရှုပ်နေတယ်၊ ဖုန်းတွေခဏခဏပြောပြီး ပျော်နေတာမျိုးတွေ ဖြစ်တာမျိုးလည်း ရှိပါတယ်။