ဇာတ်ကြောတက်တာနဲ့ ပခုံးကြောတွေ တင်းနေတာကို သက်သာစေမယ့် အကြောဆန့်လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်စေမှာပါ။

လည်ပင်းအောက်မှာ towel ကို လိပ်ထားပြီး ပုံမှာပြထားတဲ့အတိုင်းလေး ၁၀ မိနစ်လောက်သာ နေပေးပါ။

လက်နှစ်ဖက်နဲ့ ဂုတ်ကို ပုံမှာပြထားတဲ့အတိုင်း ကိုင်ပြီး ငုံ့နေပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး ခေါင်းပြန်မတ်ပါ။ ပြီးရင် ပြန်ငုံ့ပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ် အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ဘယ်လက်နဲ့ ခေါင်းကိုကိုင်ပြီး ဘယ်ဘက်ကို ခေါင်းစောင်းကာ စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ညာလက်နဲ့ ခေါင်းကိုကိုင်ပြီး ညာဘက်ကို ခေါင်းစောင်းကာ စက္ကန့် ၃၀ နေပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ် (သို့) ၁၀ ကြိမ်စီ လုပ်ပေးပါ။

ပခုံးကြောတွေကို လျှော့ထားပြီး လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ အဲ့အတိုင်း စက္ကန့် ၂၀ နေပေးပြီး အချိန်ပြည့်ရင် လက်ပြန်ချ၊ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာ တစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးပါ။

ထိုင်ပြီး ဘယ်လက်ကို အနောက်မှာထားပါ။ ညာလက်က ခေါင်းကိုကိုင်ပြီး ခေါင်းက ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။ ပြီးရင် ညာလက်ကို အနောက်မှာထားပါ။ ဘယ်လက်က ခေါင်းကိုကိုင်ပြီး ခေါင်းက ခုနကလိုပဲ ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးရုံပါပဲ။

မတ်မတ်ထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို လုပ်ပေးပါ။ အဲ့အနေအထားနဲ့ ၁၀ စက္ကန့်နေပေးပါ။ ပြီးရင် လက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို အနောက်မှာထားပြီး အကြောတွေကို ညှစ်ယူထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်မှ အကြောတွေ ပြန်လျှော့ချပါ။ ပြီးရင် နောက်ထပ် ၂ ခေါက် ထပ်လုပ်ပေးပါ။

ခန္ဓာကိုယ်ကို နံရံမှာကပ်ထားပြီး ကပ်ထားတဲ့ဘက်ကလက်ကို အနောက်မှာထားပါ။ နောက်လက်တစ်ဖက်ကို ကွေးပြီး လက်ဖဝါးနဲ့ နံရံကို ထောက်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းလှည့်ပြီး ထပ်လုပ်ပေးပါ။