အခုတလောမှာတော့ Stawberry Makeup Look လေးက အရမ်းခေတ်စားနေတာကြောင့် ဒီ Stawberry Makeup Look ကို Foundation မလိမ်းပဲပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး နေ့တိုင်းပြင်ဆင်ဖို့အတွက်ဆိုလည်း အရမ်းအဆင်ပြေတဲ့ Natural Look မျိုး ဖြစ်ပါတယ်။

ထုံးစံအတိုင်း Skincare တွေလိမ်းပါမယ်။ ပြီးရင်တော့ အသားအရောင်ညီအောင် Concealer လိမ်းပါမယ်။ မျက်ကွင်းညိုတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာ အားလုံးကို နည်းနည်းစီလိမ်းပါမယ်။

Stawberry ရောင် ပါးနီလေးကို ပုံမှာခြယ်ပြထားသလို ခြယ်ပါမယ်။ Cream Type သုံးတာက ပိုပြီး Natural ဆန်ပြီးလှပါတယ်။ နှာခေါင်းကိုပါ တစ်ခါထဲခြယ်ပါမယ်။

Powder ကို အဖြူရောင်သုံးပြီး Brush နဲ့ယူကာ မျက်နှာကိုလိမ်းပါမယ်။

အသားရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။

အညိုရောင် Eyeshadow နဲ့ မျက်လုံးထောင့်မှာ Eyeliner Wings လေးဆွဲပါမယ်။

ပြီးမှ Eyeliner အညိုရောင်ကိုသုံးပြီး မျက်လုံးအတွင်းနားကပ်ဆွဲပြီး ခုနက Eyeshadow နဲ့ဆွဲထားတဲ့ Eyeliner Wings နေရာလေးမှာ ထပ်ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကိုသုံးပြီး ဆွဲပါမယ်။ ပြီးရင် Eyebrow Gel နဲ့ ဖြီးပါမယ်။

ပန်းရောင်ပါးနီကိုယူပြီး ပါးနီခြယ်ထားတဲ့နေရာလေးမှာ ထပ်ခြယ်ပါမယ်။

နှုတ်ခမ်းနီကို ကြက်သွေးရောင်လိုမျိုး အရောင်စိုစိုတောက်တောက်လေးကို ဆိုးပါမယ်။ Matte Type တွေ မဆိုးပါဘူး။

နှုတ်ခမ်းသားစိုစိုပြောင်ပြောင်လေး ဖြစ်နေအောင် Lip Gloss ထပ်ဆိုးပါမယ်။

ဒါဆိုရင်တော့ အောက်ခံ Foundation လိမ်းစရာမလိုပဲနဲ့ အရမ်းလှတဲ့ Stawberry Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။