အားလုံးပဲမင်္ဂလာပါနော်။ လူတစ်ယောက်ကို ချစ်ဖူးလားရှင့်။ သိပ္ပံပညာရှင်တွေက ကျွန်မတို့ အချစ်နဲ့တွေ့တဲ့အခါမှာ အပြုအမူတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို လေ့လာခဲ့ပါတယ်။
အဲဒီအချက်လေးတွေက ထူးဆန်းတယ်လို့ ထင်ရပေမယ့် အမှန်တကယ်ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတွေပါ။
၉။ ကိုယ်အလေးချိန်တက်လာမယ် (သို့) ကျသွားမယ်
အချစ်နဲ့တွေ့တဲ့အခါ ကိုယ်အလေးချိန်တက်လာတာ ဒါမှမဟုတ် ကိုယ်အလေးချိန်ကျသွားတာမျိုးဖြစတတ်ပါတယ်။
၈။ အသံကလည်းပြောင်းသွားမယ်
လေ့လာတွေ့ရှိချက်အရ အချစ်နဲ့တွေ့ရင် ရင်ခုန်ပြီးအသံက ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ်မချစ်တဲ့သူကို စကားပြောတာ မတူပါဘူးတဲ့။
၇။ အိပ်မပျော်ဘူး
လူတစ်ယောက်ကိုချစ်မိတဲ့အခါ အမြဲတမ်းသူ့အကြောင်းပဲတွေးနေရင်းအိပ်မပျော်ဖြစ်တတ်ပါတယ်။ နောက်ပိုင်း အသားကျသွားပါလိမ့်မယ်တဲ့။
၆။ အချစ်နဲ့တွေ့ရင် အရက်မူးနေသလိုပဲ
အချစ်နဲ့တွေ့တဲ့အခါ လူတွေက အရက်မူးသလိုပဲ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ Oxytocin ဆိုတဲ့ ဟော်မုန်းဓာတ်ကြောင့်ပါ။
၅။ အမြဲတမ်းပြုံးရယ်နေမယ်
နှလုံးခုန်နှုန်းမြန်လာတာနဲ့အတူ မျက်နှာနီရဲလာတတ်ပြီး စိုးရိမ်စိတ်ဖြစ်လာတတ်ပါတယ်။ အဲဒီကနေမှ စိတ်ကူးရင်ခုန်စရာကောင်းတဲ့အခိုက်အတန့်ဖြစ်လာပြီး တစ်ယောက်တည်းလည်း ပြုံးရယ်နေတတ်ပါတယ်။
နောက်ထပ် အချစ်ကိုတွေ့ရှိသွားတဲ့အခါဖြစ်တတ်တာတွေကတော့
၄။ ကဗျာတွေစာတွေ ရေးချင်လာမယ်
၃။ အချစ်က ဝေဒနာ သက်သာစေနိုင်တယ်
၂။ အချစ်ဆိုတာ ချိုမြိန်တယ်
၁။ ချစ်နေရင် ဘာမဆို လုပ်ဖို့အဆင်သင့်ဖြစ်နေတတ်တယ်
Source: www.brightside.me
By: MyStyle Myanmar