ချစ်ခြင်းမေတ္တာက လူတွေကိုလှုံ့ဆော်ပေးနိုင်တယ်။ လူတွေက ချစ်ကျွမ်းဝင်သွားတဲ့အချိန်မှာ သူတို့ရဲ့အပြုအမူတွေဟာ ထူးခြားစွာ ပြောင်းလဲသွားကြ ပါတယ်။ ဒါဟာ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ dopamine နှင့် oxytocin ဟော်မုန်းတွေ နဲ့ချိတ်ဆက်နေတာကြောင့်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ဒီတစ်ခေါက်မှာတော့ လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ချစ်ကျွမ်းဝင်သွားပြီဆိုရင် ဘယ်လိုတွေပြောင်းလဲသွားတတ်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) ချစ်မိသွားတဲ့လူတွေဟာ အရက်မူးနေတဲ့လူတွေလို ပြုမူတတ်ကြတယ်

ဝိုင်တစ်ခွက်နှစ်ခွက်လောက် ဝင်သွားပြီဆိုရင် နည်းနည်း ရီဝေဝေဖြစ်လာပြီးတော့ လူတွေနဲ့ပြောဆိုဆက်ဆံရတာ အနည်းငယ် အဆင်ပြေလာတတ် ပါတယ်။ တစ်ခါတစ်လေ တစ်ခါမှမမြင်ဖူးတဲ့ လူတွေနဲ့တောင် စကားတွေဖောင်ဖွဲ့ပြီး ပြောနေတတ်ကြပါတယ်။ ဒီလိုပဲ အချစ်ဟော်မုန်းတွေထဲက တစ်ခုဖြစ်တဲ့ oxytocin ဟော်မုန်းဟာ ခန္ဓာကိုယ်အပေါ်မှာ အရက်နဲ့ ထပ်တူ လွှမ်းမိုးမှုရှိစေပါတယ်။ မူးနေတဲ့လူတွေဟာ အနားမှာရှိတဲ့လူတွေကို ဖက်လေ့ရှိပါတယ်။ ဒီလိုပဲ oxytocin ဟော်မုန်းဟာလည်း အခြားလူတွေနဲ့ နီးကပ်ချင်တဲ့ စိတ်ရှိလာစေပါတယ်။

(၂) ချစ်ကျွမ်းဝင်နေတဲ့လူတွေက ဝိတ်တတ်လာကြတယ် (သို့) ဝိတ်ကျသွားကြတယ်တဲ့

စုံတွဲတွေ တော်တော်များများဟာ relationship အစပိုင်းမှာ ဝလာတတ်ကြပါတယ်။ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေကို အသွားများတာ ကြောင့်လို့လည်း ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။ ပြီးတော့ relationship တစ်ခုမှာ အတူတူဝိတ်တတ်လာကြတဲ့ စုံတွဲတွေဟာ ပိုပြီးပျော်ရွှင်ရတယ်လို့ ကျွမ်းကျင်သူတွေက တွေ့ရှိထားကြတယ်။ ဒါဟာ ခန္ဓာကိုယ်ကြောင့် ငြင်းပယ်ခံရမှာ (သို့) ဝိတ်တတ်လာတာကြောင့်ဖြစ်တဲ့ ဖိအားတွေ သိပ်ပြီးမခံစားရလို့ဖြစ်ကြောင်း ထောက်ပြထားပါတယ်။ တစ်ချို့လေ့လာသူတွေကတော့ oxytocin ဟော်မုန်းဟာ ဆာလောင်မှုကို လျှော့ကျစေပြီး ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ချစ်ကျွမ်းဝင်နေတဲ့လူတွေက ဝိတ်တတ်တာ (သို့) ဝိတ်ကျတာ နှစ်ခုစလုံး ဖြစ်နိုင်ခြေရှိကြောင်း ဆိုထားပါတယ်။

(၃) အသံတွေ ပြောင်းလဲသွားကြတယ်

လူတွေက သူငယ်ချင်းတွေကို စကားပြောပုံခြင်းနဲ့ သူတို့ချစ်နေတဲ့သူတွေကို စကားပြောပုံခြင်း ကွာခြားကြပါတယ်။ အမျိုးသမီးတွေက သူတို့ချစ်သူတွေနဲ့ စကားပြောချိန်မှာ အသံကို နှိမ့်ပြီးပြောဆိုလေ့ရှိကာ အမျိုးသားတွေကတော့ အသံကို မြှင့်ပြီးပြောဆိုလေ့ရှိကြောင်း လေ့လာသူတွေက တွေ့ရှိထား ကြပါတယ်။

(၄) သူတို့တွေက အိပ်ချိန်နည်းကြတယ်

ချစ်မိနေကြတဲ့သူတွေဟာ သူတို့ရဲ့ချစ်သူအကြောင်းတွေးပြီး ညဖက်တွေ အိပ်ရေးပျက်ကြရတယ်။ လေ့လာမှုတစ်ခုအရ ချစ်ကျွမ်းဝင်နေတဲ့သူတွေဟာ ပုံမှန်လူတွေထက် (၁) နာရီခန့် အိပ်ချိန်နည်းကြတယ်လို့ ဆိုထားပါတယ်။

(၅) သူတို့တွေက ကဗျာတွေရေးပြီးအချစ်သီချင်းတွေ ဆိုလာကြတယ်

လှပပြီးကျော်ကြားတဲ့ ကဗျာတွေတော်တော်များများဟာ ချစ်ကျွမ်းဝင်မိသွားတဲ့လူတွေ ရေးထားတာများပါတယ်။ လေ့လာမှုတွေအရ စိတ်ကူးယဉ်ဆန်သောခံစားချက်တွေဟာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို ကိုဖိနှိပ်ထားသော်လည်း ဖန်တီးမှုအပိုင်းကို တိုးတတ်စေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း လူတွေက သူတို့ချစ်တဲ့လူတွေအတွက် အံ့ဩစရာ လက်ဆောင်တွေ ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ကြတာပါ။

Source : Brightside