မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတစ်ယောက်ရဲ့အလှကို ပံ့ပိုးပေးတာမိတ်ကပ်ပါ။ ဒါပေမဲ့ မိတ်ကပ်လိမ်းရင်း များသွားရင်လည်း နဂိုလှနေတဲ့ မျက်နှာက ပိုတောင်ရင့်သွားတတ်ပါတယ်။ ခုနောက်ပိုင်း မိန်းကလေးတွေကြား ခေတ်စားလာတာကတော့ သဘာဝဆန်ဆန် Natural Look Makeup ပါ။

ဒီမိတ်ကပ်လိမ်းနည်းက ရိုးရှင်းလွယ်ကူသလို မိန်းကလေးတစ်ယောက်ရဲ့ သဘာဝဆန်တဲ့အလှကို ပိုပီပြင်စေပါတယ်။ ယဉ်ယဉ်လေးနဲ့ ကြည့်သူတိုင်းသဘောကျတဲ့ မိတ်ကပ်ပုံစံပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မိတ်ကပ်လိမ်းထားတယ်လို့ မထင်ရအောင် သဘာဝအတိုင်း လှနေသူလေးလို့ ထင်သွားရလောက်တဲ့ မိတ်ကပ်ပုံစံရဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိတ်ကပ်မလိမ်းခင် Skin Care အရင်လိမ်းရပါမယ်

Source: Floral-Skin

သင့်မိတ်ကပ်သား စိုစိုပြေပြေနဲ့ သဘာဝဆန်ဆန်လေးဖြစ်ဖို့ Moisturizer လိမ်းတဲ့အဆင့်ကိုတော့ ကျော်သွားလို့မရပါဘူး။ ဒါကြောင့် သင့်မှာဝယ်ထားပြီးသား Moisturizer ကို ပထမဆုံးလိမ်းရပါမယ်။

၂။ Base မိတ်ကပ်စလိမ်းမယ်

Source: WikiHow

ဒုတိယအဆင့်အနေနဲ့ သင့်အသားအရေအရောင်နဲ့ တစ်ထပ်တည်းကျတဲ့ BB cream တစ်မျိုးကို လိမ်းရပါမယ်။ လိမ်းတဲ့အချိန်မှာ မိတ်ကပ်မညီတာတွေ မဖြစ်စေဖို့ Sponge ဒါမှမဟုတ် Brush လေးနဲ့ လိမ်းပေးရပါမယ်။

၃။ ပါးနီ

Source: Pinterest

ပါးနီလိမ်းတဲ့နေရာမှာ ပန်းရောင်ရင့်တာမျိုးကို မရွေးသင့်ပါဘူး။ အခုနောက်ပိုင်း အပြောများလာတဲ့ Peach Color Blush မျိုးလေးလည်း အဆင်ပြေပါတယ်။

၎။ မျက်ခုံးခြယ်တဲ့နေရာမှာ

Source: AskMeWhats

မျက်ခုံးခြယ်တဲ့အခါ မျက်ခုံးဆွဲတဲ့ ခဲတံသုံးနိုင်သလို သဘာဝဆန်ဆန် ဖြစ်ဖို့ Powder Type Eyebrow ခြယ်တာမျိုးကို ရွေးချယ်သင့်ပါတယ်။ Powder ပုံစံက သင့်မျက်ခုံးခြယ်ထားတယ်လို့မထင်ရအောင် သဘာဝပုံစံပေးနိုင်ပါတယ်။

၅။ မျက်လုံးအတွက်

Source: Daily-Vanity

အညိုရောင် အနု Eye Shadow မျိုးကို သုံးပေးပါ။ မျက်တောင်ကော့တဲ့နေရာမှာတော့ အပေါ် နဲ့အောက်မျက်တောင်ကို တစ်ခါပဲကော့ပေးရပါမယ်။ မျက်တောင်ကော့ဆေးများတာကလည်း သဘာဝမိတ်ကပ်မျိုးမပေါ်လွင်စေတော့ပါဘူး။

၆။ နှုတ်ခမ်းအတွက်

Source: Pinterest

No Makeup Look အတွက် နှုတ်ခမ်းနီဆိုးရာမှာ ပန်းရောင်ကိုပဲ ရွေးကြမှာပါ။ သင့်အသားရောင်နဲ့ နီးစပ်တဲ့ နှုတ်ခမ်းနီရောင်ကလည်း အဆင်ပြေပါတယ်။

နောက်ဆုံးပြီးတဲ့အချိန် Makeup Setting Spray လေးဖြန်းပေးလိုက်ပါ။

By MyStyle Myanmar